ဂျွန်နသန်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၂/ ၂၀၂၄
အိန္ဒိယရေပိုင်နက်အတွင်း ၀င်ရောက် ငါးဖမ်းသည်ဟုဆိုကာ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေ(၂)စီးနှင့်သင်္ဘောသား (၇၈) ဦးကိုဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းအိန္ဒိယကမ်းခြေစောင့်တပ်ကဓါတ်ပုံနှင့်တကွသတင်းထုတ်ပြန်ချက်အရသိရသည်။
အိန္ဒိယနိုင်ငံ၏ ရေပိုင်နက်အတွင်း ၀င်ရောက် ငါးဖမ်းသည်ဆိုသည့်အကြောင်းပြချက်ဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေနှစ်စင်းဖြစ်သည့်FV Laila-2 နှင့် FB Meghna-5 တို့နှင့်အတူ ငါးဖမ်း သင်္ဘောသား (၇၈) ဦး တို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းအိန္ဒိယကမ်းခြေစောင့်တပ်က ဓါတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။
အိန္ဒိယကမ်းခြေစောင့်တပ်သည်အဆိုပါဓါတ်ပုံများကို အောက်တိုဘာ(၁၀)ရက်ညပိုင်းက X လူမှုကွန်ရက်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ကမ်းခြေစောင့်တပ်က ဖော်ပြထားသည့် ဓါတ်ပုံ(၃)ပုံ အရအိန္ဒိယရေပိုင်နက် ပါရာကျွန်းအနီး၊ စစ်ဆင်ရေးတစ်ခုအတွင်းဘင်္ဂလားဒေ့ရှ် ငါးဖမ်း သင်္ဘောသား များနှင့် ၎င်းတို့၏ ငါးဖမ်းစက်လှေများ ကို အိန္ဒိယ ကမ်းခြေ စောင့်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံတစ်ပုံ တွင်ဖမ်းဆီးခံထားရသူများသည် ၄င်းတို့၏ ငါးဖမ်း၊ကုန်းပတ်ပေါ်တွင်ဒူးထောက်လျက်အနေအထားနှင့် ဦးခေါင်းနောက်တွင်လက်တင်ထားသည့်အနေအထားမျိုးရှိနေသည် ကိုတွေ့ရပြီးအိန္ဒိယကမ်းခြေစောင့်တပ်မှတပ်ဖွဲ့၀င်များက ၄င်းတို့၏နောက်ဖက်တွင် မတ်တပ်ရပ်ကာ စောင့်ကြပ်နေသည်ကိုတွေ့ရသည်။
အခြားဓာတ်ပုံတစ်ပုံတွင်ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ နှစ်စီး ကို ပင်လယ်ပြင်၌ရှိနေသည့်အနေအထားကို တွေ့ရပြီး၊တတိယပုံတွင် ငါးဖမ်းစက်လှေ များကို ဆိပ်ခံတံတားတစ်ခုသို့ ဆွဲယူသွားသည့် အနေအထားကိုတွေ့ရသည်။
FV Laila-2 ငါးဖမ်းစက်လှေကို SR Fishing မှ ပိုင်ဆိုင်ပြီး FB Meghna-5 ငါးဖမ်းစက်လှေကို C&F Agro Limited မှ ပိုင်ဆိုင်သည်ဟုသိရသည်။ "ငါးဖမ်းစက် လှေ နှစ်စင်းဟာတနင်္လာနေ့ (ဒီဇင်ဘာ ၉ ရက်) မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်(ရေမိုင်တစ်မိုင်) အတွင်းမှာငါးဖမ်းနေကြပါတယ်။ အဲဒီအချိန်မှာ အိန္ဒိယကမ်းခြေစောင့်တပ်က သူတို့ကို ကြားဖြတ်တားဆီးခဲ့ပါတယ်" ဟုC&F Agro Limited ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ Suman Sen က Prothom Alo သတင်းဌာနကိုဒီဇင်ဘာ(၁၀) ရက် တွင်ပြောကြားခဲ့သည်။
ထို့နောက်တွင် အိန္ဒိယကမ်း ခြေ စောင့်တပ်ဖွဲ့က၄င်းတို့အားဖမ်းဆီးထားသည့်အကြောင်းကိုအတည်ပြုခဲ့ကြောင်း ၊ ဖမ်းဆီးခံထားရသည့်ငါးဖမ်းစ က်လှေများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ရယူနိုင်ရန်အတွက်ဘင်္ဂလားဒေ့ရှ်ရှိ သက်ဆိုင်ရာ အာဏာပိုင်များထံအကြောင်းကြားခဲ့ကြောင်း၄င်းကဆက်လက်ပြောဆိုခဲ့သည်။
စက်လှေပိုင်ရှင်များနှင့် သင်္ဘော အေဂျင်စီများ၏ ပြောကြားချက်အရ အဆိုပါဖြစ်စဥ် သည် ဒီဇင်ဘာ(၉)ရက် (တနင်္လာနေ့)မွန်းလွဲပိုင်းတွင် Khulna ၏ Hiron Point ဧရိယာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့အပါအဝင် အစိုးရအေဂျင်စီများက အိန္ဒိယအာဏာပိုင်များထံ ဆက်သွယ်ထားပြီးဖြစ်ကြောင်း ငါးဖမ်းစက်လှေများလွတ်မြောက်ရေး အတွက် အစီအမံများကိုချမှတ် ဆောင်ရွက်လျက်ရှိကြောင်းဖမ်းဆီးခံထားရသည့် သင်္ဘောသားများ၏ အခြေအနေများမှာ ကောင်းမွန်သည်ဟု သတင်းရရှိပါကြောင်းသင်္ဘောပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Commodore Mohammad Maqsood Alam ကပြောကြားခဲ့သည်။
ဖမ်းဆီးခံထားရသည့် ငါးဖမ်းစက်လှေနှင့်သင်္ဘောသားများပြန်လည် လွတ်မြောက်လာရေးအတွက်နှစ်ဖက်စလုံးမှ အာဏာပိုင်များသည် သံတမန်ရေးရာလမ်းကြောင်း နှင့် ဥပဒေလမ်းကြောင်းများ အရ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ Source/ Dhaka Tribune