ဂျွန်နသန်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၁၇/ ၂၀၂၅
မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်တွင်အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများ ဆက်တိုက်ဖြစ်ပွားနေခြင်းသည် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ၏ အရေးပါ သောအကျိုးစီးပွားများခြိမ်းခြောက်ခံနေရပြီး ထိခိုက်နစ်နာလျက်ရှိကာ၊အလေးအနက်ထားရန် လိုအပ်သည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ၀မ်ယိ ကပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ မှ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ၀မ်ယိသည် ဇန်နဝါရီ (၁၆) ရက်က ဘေဂျင်း၌ပြုလုပ်ခဲ့သည့် အာဆီယံ (၁၀) နိုင်ငံမှ သံတမန်များနှင့်တွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ် က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အဆိုပါ ရာဇ၀တ်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းရန်နှင့်ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်များလုံခြုံရေးကို အကာအကွယ်ပေးရန် ခိုင်မာသော အစီအမံများ ချမှတ်ဆောင်ရွက်သွားမည်ဟု မျှော်လင့်ပါကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူGuo Jiakun က ဇန်နဝါရီ (၁၇) ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
တရုတ် အစိုးရအနေဖြင် ဆက်သွယ်ရေး နှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ရာဇ၀တ်မှုများကို တိုက်ဖျက်ရန်၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု နှင့် ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများကို တိုက်ဖျက်ရန်၊တရုတ် နိုင်ငံသားများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို အကာအကွယ်ပေးရန် အခိုင်အမာ ရပ်တည်လျက်ရှိကြောင်း နိုင်ငံရပ်ခြားရှိ တရုတ် နိုင်ငံသားများအနေဖြင့် ဒေသတွင်း ရှိ ဥပဒေ နှင့် စည်းမျဥ်းများ ကို တင်းတင်းကျပ်ကျပ် လိုက်နာ ရန်နှင့် တရားမဝင် နှင့် ရာဇ၀တ်မှု ဆိုင်ရာ လုပ်ငန်းများ တွင် ပါဝင်ခြင်း မှ ရှောင်ကြဉ် ကြရန်ကိုလည်း တောင်းဆို ပါကြောင်း ၄င်းကထပ်လောင်းပြောဆိုခဲ့သည်။
မကြာသေးမီကာလများအတွင်း တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇ၀တ်ဂိုဏ်းကြီးများကို နှိမ်နင်းရန်အတွက် သက်ဆိုင်ရာနိုင်ငံများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ကာ ဆက်သွယ်ရေးလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးအတွက် အပြင်းအထန် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် တရုတ်နိုင်ငံသားများနှင့် ပတ်သက်ပြီး မေးချင်ပါ ကြောင်းမကြာသေးမီက ၎င်းတို့၏မိသားစုများသည် ပိတ်မိနေသော ထောင်ပေါင်းများစွာသော သူများ၏ အချက်အလက်များပါရှိသော စာရွက်စာတမ်းများအပါအ၀င် အကူအညီ တောင်းခံသည့် မက်ဆေ့ချ်များကို ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် တင်ခဲ့ကြောင်း၊တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါမိသားစုများထံမှ အကူအညီတောင်းခံခြင်းအပြင် နယ်စပ်ဖြတ်ကျော် တယ်လီကွန်း လိမ်လည်မှုနှင့်လူကုန်ကူးမှု၊ ပြန်ပေးဆွဲမှုနှင့် အလွဲသုံးစားမှုတို့ အပေါ် မည်ကဲ့သို့ ရှုမြင်ပါ သနည်းဟုရိုက်တာသတင်းဌာန၏မေးမြန်းချက်အပေါ်တွင် ၄င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားပြောဆိုခဲ့ခြင်းဖြစ်သည်။ Source/တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန