Preview

ဆိုမာလီယာရှိ အိုင်အက်စ်အဖွဲ့ကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်ခဲ့ ၊စစ်သွေးကြွ အများအပြား သေဆုံးခဲ့ဟု ထရမ့်ကထုတ်ဖော်ပြောဆို

ဂျွန်နသန် | ဖေဖော်ဝါရီ ၀၃/ ၂၀၂၅ | ကြည့်ရှုသူ :776
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ ဖေဖော်ဝါရီ ၃/ ၂၀၂၅

ဆိုမာလီယာရှိ အိုင်အက်စ်အဖွဲ့ကို အမေရိကန်က လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ စစ်သွေးကြွ အများအပြား သေဆုံးခဲ့ကြောင်း အမေရိကန် သမ္မတထရမ့်ကထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်တပ်ဖွဲ့က အိုင်အက်စ် စစ်သွေးကြွအဖွဲ့၏ အကြီးတန်း တိုက်ခိုက်ရေးသမားနှင့် အခြား စစ်သွေးကြွအဖွဲ့ဝင်များကို ပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုများဖေဖော်ဝါရီ(၁)ရက်တွင် ပြုလုပ်ခဲ့ရာ စစ်သွေးကြွအများအပြား သေဆုံးခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ကထုတ်ဖော်ပြောဆိုခဲ့ကြောင်း The Daily Star က ဖော်ပြသည်။

" ဒီလူသတ်သမားတွေဟာဂူတွေထဲမှာ ပုန်းအောင်းနေကြတာကိုကျွန်တော်တို့ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူတို့ဟာအမေရိကန်နဲ့ကျွန်တော်တို့ရဲ့မဟာမိတ်တွေကို ခြိမ်းခြောက်နေခဲ့တာပါ” ဟု ထရမ့်က လူမှုကွန်ရက်တွင် ရေးသားထားကြောင်းသိရသည်။

အိုင်အက်စ်စစ်သွေးကြွများသည်ဆိုမာလီယာရှိ၊ Golis တောင်များရှိဂူများတွင်ပုန်းအောင်နေကြပြီး ထိုနေရာများကိုလေကြောင်းမှတိုက်ခိုက်မှာများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကနဦး အကဲဖြတ်ချက်အရ စစ်သွေးကြွအများအပြား သေဆုံးခဲ့ကြောင်း၊တိုက်ခိုက်မှုအတွင်း အရပ်သားများ တစုံတရာထိခိုက် သေဆုံးမှုမရှိခဲ့ကြောင်းကာကွယ်ရေးဝန်ကြီး Pete Hegseth က အတည်ပြုပြောကြားခဲ့သည်။

 

 သမ္မတ Hassan Sheikh Mohamud သည်" လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီးအကြောင်းကြားမှုကိုလက်ခံရရှိခဲ့ကြောင်း၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာတွင် အမေရိကန်ပြည်ထောင်စု၏ ပံ့ပိုးကူညီ ပေး မှုအတွက်လည်းအထူးကျေးဇူးတင်ရှိပါကြောင်း" သမ္မတ က လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ကြောင်း ဆိုမာလီသမ္မတရုံးက ထုတ်ဖော် ပြောကြားခဲ့သည်။

 

အမေရိကန်သည် Golis နယ်မြေ၏ အစိတ်အပိုင်းဖြစ်သည့် Cal Miskaad တောင်များကို တိုက်ခိုက်ခဲ့ပြီး IS အဖွဲ့၏အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုမာလီယာမြောက်ပိုင်း Puntland ပြည်နယ် ပြန်ကြားရေးဝန်ကြီးMohamud Aidid Dirir က ပြောဆိုသည်။

"ပတ်၀န်းကျင်ကအရမ်းကိုမှောင်မဲနေတာကြောင့် အသေအပျောက် အရေအတွက်  စာရင်းကို မသိရသေးပါဘူး” ဟု ၄င်း က ရိုက်တာ သို့ ပြောကြားခဲ့သည်။

 

 IS စစ်သွေးကြွအဖွဲ့ သည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ၊ အပြစ်မဲ့အရပ်သားများကို ခြိမ်းခြောက်သည့် တိုက်ခိုက်မှုများကိုလုပ်ဆောင်နေခြင်းသည် အစ္စလာမ္မစ်နိုင်ငံတော်၏ ဂုဏ်ရည်ကို ယုတ်ညံ့စေသည်ဟု Hegseth က ပြောကြားခဲ့သည်။

 

 အိုင်အက်စ်အားလေကြောင်းမှတိုက်ခိုက်မှုပြုလုပ့်ခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နှင့်၄င်း၏ မဟာမိတ်များကို ခြိမ်းခြောက်နေသောအကြမ်းဖက်သမားများကို ရှာဖွေဖော်ထုတ်ပြီး ရှင်းလင်းဖယ်ရှားရန် အမြဲတစေ အသင့်ရှိနေကြောင်းကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်းဖြစ်ကြောင်း ထို့အပြင် သမ္မတ ထရမ့် ၏ ဦးဆောင်မှုအောက်တွင် ဆိုမာလီယာ သည် နယ်စပ်ကာကွယ်ရေးနှင့် အခြားလုပ်ငန်းများစွာကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါသည်' ဟု Hegseth က ပြောကြားခဲ့သည်။

 

 ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ် အုပ်ချုပ်မှုအောက်တွင် အမေရိကန်သည် ဆိုမာလီယာတွင် လေကြောင်းတိုက်ခိုက်မှုများ အခါသင့်သလိုလုပ်ဆောင်ခဲ့သည်။ Source/Daily Star

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.