Preview

မြန်မာအပါအ၀င် ကမ္ဘာတစ်ဝန်းတွင် ၂၀၂၄ အတွင်း၊ သတင်းသမား(၁၂၄)ဦးထက်မနည်း အသတ်ခံခဲ့ကြောင်း CPJ က သတင်းထုတ်ပြန်

ဂျွန်နသန် | ဖေဖော်ဝါရီ ၁၃/ ၂၀၂၅ | ကြည့်ရှုသူ :429
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၃/ ၂၀၂၅

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝန်းတွင် ၂၀၂၄ ခုနှစ်အတွင်းသတင်းသမား(၁၂၄)ဦးထက်မနည်း အသတ်ခံခဲ့ရပြီး နှစ်ပေါင်း(၃၀)ကျော်ကာလအတွင်း အဆိုးရွားဆုံးစံချိန်တင်ခဲ့သည့်နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ)က ဖေဖော်ဝါရီ(၁၂)ရက်တွင်သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ သတင်သမား(၃)ဦးအပါအ၀င် နိုင်ငံပေါင်း(၁၈)နိုင်ငံမှသတင်းသမား(၁၂၄)ဦးထက်မနည်း အသတ်ခံခဲ့ရပြီး ၊(၇၀)ရာခိုင်နှုန်းသည်အစ္စရေး-ဂါဇာ စစ်ပွဲအတွင်း အသတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါအရေအတွက်သည်၂၀၂၃ ခုနှစ် ထက် (၂၂ )ရာခိုင်နှုန်း တိုးမြင့်လာခြင်းဖြစ်ပြီး အဓိကအကြောင်းအရင်းသည် အစ္စရေး-ဂါဇာ စစ်ပွဲကြောင့်ဖြစ်သည်။ယင်းစစ်ပွဲတွင် သတင်းထောက် (၈၅) ဦး သေဆုံးခဲ့ရာ ၄င်းတို့အားလုံးသည် အစ္စရေးစစ်တပ်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပြီး သေဆုံးသူအများစုမှာ ပါလက်စတိုင်းသတင်းသမားများဖြစ်ကြပြီး (၈၂) ဦးသေဆုံးခဲ့ရသည်။

ကျန် နိုင်ငံပေါင်း (၁၆)နိုင်ငံ ( ဆူဒန်နှင့် ပါကစ္စတန်တို့တွင် (၆) ဦးစီ၊ မက္ကဆီကို (၅)ဦး၊ ဆီးရီးယား (၄)ဦး၊ မြန်မာ (၃)ဦး၊ အီရတ် (၃) ဦး နှင့် ဟေတီ (၂)ဦး တို့ အပါအ၀င်)သတင်းသမား (၃၉) ဦးအသတ်ခံခဲ့ရသည်။

ဆူဒန်နှင့် ပါကစ္စတန်တို့တွင် (၆) ဦးစီဖြင့် ၊ (၁၂)ဦး သေဆုံးပြီး ဒုတိယအများဆုံးနိုင်ငံများဖြစ်ကြသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်းဒေသသည်သတင်းသမား နှင့် မီဒီယာလုပ်သား အသေအပျောက် အများဆုံး ဒေသအဖြစ် ဆက်လက်တည်ရှိနေပြီး၊ ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ (၇၈) ရာခိုင်နှုန်းကျော် (၉၇ ဦး) ရှိသည်။

ဆူဒန်တွင် ဆိုးရွားသော ပြည်တွင်းစစ်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ပါကစ္စတန်သည် ၂၀၂၁ ခုနှစ်ကတည်းက သတင်းသမားများ သေဆုံးရမှုမရှိကြောင်း မှတ်တမ်းများရှိ ခဲ့သော်လည်း နိုင်ငံအတွင်း နိုင်ငံရေးမငြိမ်မသက်မှုများ ကြီးထွားလာသည့်အတွက်သတင်းသမားများ သတ်ဖြတ်ခံရမှုများ တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။

မက္ကဆီကို တွင် သတင်းထောက် (၅) ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ သတင်းသမားများအတွက် ကမ္ဘာ့အန္တရာယ်အရှိဆုံး နိုင်ငံများထဲမှ တစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

ဆီးရီးယားတွင် ဒီဇင်ဘာ (၈)ရက်က အာဆတ် ကို ဖြုတ်ချခဲ့ပြီးနောက်သတင်းထောက် (၄)ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ယင်းသည် နိုင်ငံတွင်း သတင်းထောက်များ သတ်ဖြတ်ခံရမှုများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

၂၀၂၄ခုနှစ်အတွင်းတစ်ကမ္ဘာလုံးတွင် သတင်းသမား စုစုပေါင်း(၁၂၄)ဦး သေဆုံးခဲ့ မှုသည် ၂၀၀၇ ခုနှစ်တွင် အီရတ်စစ်ပွဲအတွင်း သေဆုံးသူ (၁၁၃) ဦး၏ စံချိန်ကို ကျော်လွန်သွားခဲ့ သည်။

ယနေ့သည် CPJ သမိုင်းတွင် သတင်းသမားများအတွက် အန္တရာယ်အများဆုံး အချိန်ဖြစ်ကြောင်း၊စစ်ပွဲများ၊ ပဋိပက္ခဒေသများတွင် သတင်းသမားများကို အကာအကွယ်ပေးရန် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများ ယိုယွင်းလာမှုကို ပြသ နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ကိန်းဂဏန်းများသည် ကမ္ဘာတစ်ဝှမ်းရှိ ဂျာနယ်လစ်များ တိုက်ခိုက်ခြင်းခံနေရသည်ကို ပြသ နေခြင်းဖြစ်ကြောင်း CPJ မှအမှုဆောင်အရာရှိချုပ်ဖြစ်သူ Jodie Ginsberg က ပြောကြားခဲ့သည်။

ယခုနှစ် ၂၀၂၅ ခုနှစ်တွင်လည်း သတင်းသမားများအသတ်ခံရမှုသည် အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပွားခဲ့ပြီး ယခုနှစ် ၂၀၂၅ အတွင်း အနည်းဆုံး သတင်းသမားခြောက်ဦးသေဆုံးခဲ့ရသည်။ Source/Committee to Protect Journalists (CPJ)

#သတင်းမီဒီယာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.