Preview

ကနေဒါနိုင်ငံသား လေးဦးကို တရုတ်က သေဒဏ်ပေးမှုအပေါ် ကနေဒါက ပြင်းထန်စွာ ရှုတ်ချ

ဂျွန်နသန် | မတ် ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :2356
နိုင်ငံတကာ သတင်း

(တရုတ်နိုင်ငံ၏ တရားစီရင်ရေး အာဏာ ကို ဝင်ရောက်မစွက်ဖက်ရန် တရုတ်က ကနေဒါ ကိုပြန်သတိပေး)

 ဂျွန်နသန်၊ နိရဉ္စရာ၊ မတ် ၂၁/၂၀၂၅

မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုများဖြင့် ကနေဒါနိုင်ငံသား လေးဦးကို တရုတ်နိုင်ငံက ကွပ်မျက်လိုက်သည့်အပေါ်ပြင်းထန်စွာရှုတ်ချကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက မတ်လ(၁၉)ရက်( ဗုဒ္ဓဟူးနေ့) တွင်ပြောကြားလိုက်သည်။

ကွပ်မျက်မှု အပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချရုံသာမက အလားတူ အခြေအနေမျိုးနှင့် ရင်ဆိုင်နေကြရသည့် ကနေဒါနိုင်ငံသားများအတွက် လည်း သက်ညှာမှုရအောင် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပြီး ၊ ယင်းကိစ္စနှင့်ပတ်သက်ပြီးလည်းတရုတ်နိုင်ငံနှင့် ဆက်လက် ထိတွေ့ဆက်ဆံသွားမည် ဖြစ်ကြောင်း ” ကနေဒါနိုင်ငံခြားရေးဝန်ကြီး မီလာနီဂျိုလီက ပြောကြားခဲ့သည်။

ကွပ်မျက်မှုနှင့်ပတ်သက်သည့် သတင်းကို The Globe and Mail သတင်းစာကပထမဆုံး သတင်းဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ကွပ်မျက်မှုသည် ယခုနှစ်အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု အဆိုပါ သတင်းစာ၏ ဖော်ပြချက်အရသိရ သည်။

သူမနှင့် ၀န်ကြီးချုပ်ဟောင်း Justin Trudeau တို့သည် ကွပ်မျက်မှုကိုမပြုလုပ်ရန်အတွက် မကြာသေးမီလများအတွင်းက ပေကျင်းအား သက်ညှာစွာ စဥ်းစားပေး ရန် တောင်းဆိုခဲ့သေးကြောင်း မစ္စဂျိုလီက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကွပ်မျက်ခံရ သူများမှာ ကနေဒါနှင့် တရုတ်နှစ်နိုင်ငံ တို့၏ နိုင်ငံသားအဖြစ်ခံယူထားကြသူများဖြစ်ကြောင်း သူမက ထပ်လောင်း ပြောကြားခဲ့သည်။

(သို့သော် တရုတ်နိုင်ငံသည် နှစ်နိုင်ငံ နိုင်ငံသား(Dual Citizenship) ဖြစ်မှုကို အသိအမှတ်ပြုခြင်းမရှိပေ။)

ကနေဒါနိုင်ငံ အော့တာဝါ ရှိ တရုတ်သံရုံးကသေဒဏ်ပေးမှု နှင့်ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ရာဇ၀တ်မှုများအတွက် ဘေဂျင်း၏ တင်းကျပ်သော ပြစ်ဒဏ်များအပေါ်တွင်မူ ခုခံကာကွယ် ခဲ့သည်။

ကနေဒါနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးကို လေးစားပြီး တရုတ်နိုင်ငံ၏တရားစီရင်ရေးအာဏာ ကို ဝင်ရောက်စွက်ဖက်နေမှု အပေါ်ရပ်တန်းကနေ ရပ်သင့်ပြီ ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက တုန့်ပြန် သတိပေး ပြောကြားခဲ့သည်။

ယင်းလုပ်ရပ်သည် ကနေဒါနှင့် တရုတ် နိုင်ငံတို့အကြား တင်းမာနေသည့် ဆက်ဆံရေးကို ပိုဆိုးရွားလာလာအောင် တွန်းပို့လိုက်သည့်လုပ်ရပ်တစ်ခု ဖြစ်သည် ဟု နယူးယောက်တိုင်းမ် က ဖော်ပြသည်။ Source/The New York Times

#မှုခင်း#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.