နိရဉ္စရာ၊ မေ ၁/၂၀၂၅
အိန္ဒိယသည် ပါကစ္စတန်လေကြောင်းလိုင်းများမှ လေယာဉ်များအား လေကြောင်းနယ်နိမိတ်ဖြတ်သန်းခွင့်ကို မေ (၂၃)ရက်အထိပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ကြေညာသည်။
ပါဟာဂမ်အကြမ်းဖက်တိုက်ခိုက်မှု အပြီးပါကစ္စတန်က လေကြောင်းဖြတ်သန်းခွင့်ပိတ်ပင်ခဲ့မှုအပေါ်လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယကလည်း ပါကစ္စတန်လေကြောင်းလိုင်းများအား ၄င်း၏ လေကြောင်းနယ်နိမိတ်ဖြတ်သန်းခွင့်ကို ယနေ့၊ မေလ(၁)ရက်မှစပြီးမေလ(၂၃)ရက်အထိပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ဧပြီ(၃၀)ရက်ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အိန္ဒိယကအုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသတွင်ဧပြီ(၂၂ )ရက်ကဖြစ်ပွားခဲ့သည့် လူ(၂၆) ဦး သေဆုံးခဲ့ရ သည့်ပါဟာဂမ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ရက်အကြာ၊ဧပြီ (၂၄)တွင် ပါကစ္စတန်က အိန္ဒိယလေကြောင်းလိုင်းများအား လေးကြောင်းပိုင်နက်ဖြတ်သန်းခွင့်ကိုစတင် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်ကို အိန္ဒိယကလည်းလက်တုန့်ပြန်သည့်အနေဖြင့် ယခုကဲ့သို့ပါကစ္စတန်လေကြောင်းလိုင်းများအား လေကြောင်းနယ်နိမိတ်ဖြတ်သန်းခွင့်ကိုမေလ (၂၃)ရက်အထိ ပိတ်ပင်လိုက်ကြောင်း ဧပြီ(၃၀)ရက်(ဗုဒ္ဓဟူးနေ့) ကထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
ပါကစ္စတန်အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (PIA)အပါအဝင်ပါကစ္စတန်မှဆင်းသက်မည့်လေယာဥ်များအားလုံးကို မေလ (၁) ရက် မှ မေလ ၂၃ ရက်အထိ ပိတ်ပင်ထားမည်ဖြစ်ကြောင်း (လေယာဉ်မှူးများအတွက် အသိပေးအကြောင်းကြားစာ) ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊အဆိုပါ ပိတ်ပင်မှုကို မေလ(၁)ရက် နံနက်(၀၀း၀၀)တွင်စတင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ PTI က ဖော်ပြခဲ့သည်။
ပါကစ္စတန်နိုင်ငံက အိန္ဒိယလေကြောင်းလိုင်းများအား လေကြောင်းနယ်နိမိတ် ပိတ်ပင်ခဲ့ သည့်အချိန်တွင် အဓိကနိုင်ငံတကာလေကြောင်းလိုင်းများ အကြီးအကျယ်နှောင့်နှေးခဲ့ရကြောင်း အိန္ဒိယမှ မြောက်အမေရိက၊ ဥရောပ၊ ဗဟိုအာရှနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ပျံသန်းသည့် လေယာဉ်များမှာပိုမိုဝေးကွာသော လမ်းကြောင်းများကို အသုံးပြုခဲ့ရကြောင်း၊ ထိုသို့ဖြစ်ပွားမှုများကြောင့် ပျံသန်းချိန်ပိုမိုကြာမြင့်လာခြင်း၊ လောင်စာဆီပိုမိုသုံးစွဲရခြင်းနှင့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ရသည်။
ယခုအခါ အိန္ဒိယသည် ပါကစ္စတန်မှသင်္ဘောများကိုလည်း ၎င်း၏ဆိပ်ကမ်းများတွင်ဆိုက်ကပ်မှုကိုလည်း တားမြစ်သွားရန်လည်း စဉ်းစားနေကြောင်းလည်းသိရသည်။ (Source/ The Economic Times and Photo/ Raddit)