(ပူတင်၏အဆိုပြုချက်ကို သဘောတူလက်ခံသော်လည်း မော်စကိုက အပစ်အခတ်ရပ်စဲရေး ကို လိုက်နာရန် လိုအပ်ကြောင်း ဇာဘန်စကီးကပြောဆို)
နိရဉ္စရာ၊ မေ ၁၂/ ၂၀၂၅ (နိုင်ငံတကာ)
ယူကရိန်းနှင့်ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေးနွေးရန် ပူတင်ကအဆိုပြုလိုက်ကြောင်းရိုက်တာ၏သတင်းဖော်ပြချက်အရသိရသည်။
ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်ကြာချိန်တွင် ယူကရိန်းနှင့်ငြိမ်းချမ်းရေး တိုက်ရိုက် ဆွေးနွေးရန် ပူတင်က အဆိုပြုလိုက်ပြီး ဇာလန်စကီးကလည်း ပူတင်၏အဆိုပြုချက်ကို သဘောတူလက်ခံသော်လည်း မော်စကိုက အပစ်အခတ်ရပ်စဲရေး ကို လိုက်နာရန် လိုအပ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်သည်ယူကရိန်းနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ရည်ရွယ်သည့် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ရန်မေ (၁၁)ရက်တွင် တရား၀င် အသိပေးပြောဆို ခဲ့သည်။
ယူကရိန်းနှင့်ငြိမ်းချမ်းရေး ကိုတူရကီနိုင်ငံ အစ္စတန်ဘူလ်တွင်လာမည့် မေလ (၁၅ ) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးရန် ပူတင်က အဆိုပြုခဲ့ပြီးရေရှည်တည်တံ့မည့်ငြိမ်းချမ်းရေးရရှိဖို့ အတွက် ဆွေးနွေးပွဲများကိုစတင်ရန် ပူတင်ကပြောဆိုခဲ့သည်။
ယူကရိန်းသမ္မတဇာလန်စကီးကပူတင်၏အဆိုပြုချက်ကိုကြိုဆိုလိုက်ပြီး၊ ငြိမ်းချမ်းရေး အတွက် ဆွေးနွေးရန် သဘောတူသော်လည်း မော်စကိုက အပစ်အခတ်ရပ်စဲရေးကို လိုက်နာရန် လိုအပ်ကြောင်း ပြန်လည် ပြောဆိုလိုက်ပြီးရုရှားအနေဖြင့် (မေလ ၁၂) ရက်မှစပြီး အပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ဇာလန်စကီးက ထပ်လောင်းတောင်းဆိုလိုက်သည်။
ရုရှားအနေဖြင့်မေလ (၁၂) ရက်မှစပြီးရက်ပေါင်း (၃၀)အပစ်အခတ်ရပ်စဲရန် အမေရိကန်အပါအဝင် ဥရောပ အင်အားကြီးနိုင်ငံများမှခေါင်းဆောင်များက မေလ (၁၁) ရက်တောင်းဆိုခဲ့ပြီးနောက်ပူတင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် အဆိုပြုချက်ယခုကဲ့သို့ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။
" တိုက်ရိုက်ဆွေးနွေး မှုများ ပြန်လည်စတင်ရန် ယူကရိန်း ကိုကျွန်ုပ်တို့ အဆိုပြုပါတယ်။ အစ္စတန်ဘူလ်မှာ ကြာသပတေးနေ့ (မေလ၁၅ရက်)မှာ ညှိနှိုင်းမှုတွေ ပြန်စဖို့ ယူကရိန်း အာဏာပိုင်တွေကို ကမ်းလှမ်းထားပါတယ်" ဟု ရုရှားသမ္မတပူတင်က တနင်္ဂနွေနေ့ (မေလ ၁၁ရက် ) တွင် ကရင်မလင်နန်းတော် မှနေပြီး ရုပ်မြင်သံကြားမှ တဆင့်ပြောကြားခဲ့ခြင်းဖြစ်သည်။
ရုရှားတို့သည် နောက်ဆုံးတွင် စစ်ပွဲကို အဆုံးသတ်ရန် စဉ်းစားနေခြင်းသည် အပြုသဘောဆောင်သည့် လက္ခဏာတစ်ရပ်ဖြစ်သော်လည်း "မည်သည့်စစ်ပွဲကိုမဆို အမှန်တကယ်အဆုံးသတ်ရန် ပထမဆုံးခြေလှမ်းမှာ အပစ်အခတ်ရပ်စဲရေးသာဖြစ်သည်" ဟု ဇာလန်စကီးက လူမှုကွန်ရက်X မှတဆင့် ပြောကြားခဲ့သည်။
"ရုရှားအနေဖြင့် မနက်ဖြန်၊ မေလ (၁၂)ရက်မှစတင်ပြီး ယုံကြည်စိတ်ချရသည့် အပစ်အခတ်ရပ်စဲရေးကို အတည်ပြုရန် ကျွန်ုပ်တို့ မျှော်လင့်ထားပြီး ယူကရိန်းသည် ရုရှားနှင့် တွေ့ဆုံရန် အသင့်ဖြစ်နေပါပြီ" ဟု ၎င်းကထပ်လောင်း ပြောကြားခဲ့သည်။
စစ်ပွဲကိုအဆုံးသတ်ရန် ထပ်ခါတလဲလဲပြောဆိုနေသည့် အမေရိကန်သမ္မတ ထရမ့် ကရုရှားနှင့် ယူကရိန်းတို့အတွက် မင်္ဂလာရှိသော နေ့တစ်နေ့ ဖြစ်ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။ Source/Reuters