Preview

အမေရိကန်၊ Milwaukee မြို့ရှိ အထပ် မြင့်တိုက်ခန်းတစ်ခုတွင် မီးလောင်မှုကြောင့် လူ (၄) ဦး သေဆုံးပြီး ရာနှင့်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ

ဂျွန်နသန် | မေ ၁၂/ ၂၀၂၅ | ကြည့်ရှုသူ :1406
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မေ ၁၂ (နိုင်ငံတကာ)

အမေရိကန်၊ Milwaukee မြို့ရှိ အထပ် မြင့်တိုက်ခန်းတစ်ခုတွင် မေလ(၁၁)ရက်က၊မီးလောင်မှုကြောင့် လူ (၄) ဦး သေဆုံးပြီး ရာနှင့်ချီ ကာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။

အမေရိကန်ပြည်ထောင်စု အနောက်အလယ်ပိုင်း၏ ပြည်နယ်တစ်ခု ဖြစ်သည့်Wisconsin ၏အကြီးဆုံးမြို့ကြီးတစ်မြို့ဖြစ်သော Milwaukee မြို့ရှိ  အထပ်မြင့်တိုက်ခန်းတစ်ခန်းတွင် တနင်္ဂနွေနေ့ (မေလ ၁၁ရက် )နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၄)ဦး သေဆုံးခဲ့ရပြီး ရာနှင့်ချီကာ ဘေးလွတ်ရာသို့ရွှေ့ပြောင်း ခဲ့ရကြောင်းMilwaukee မီးသတ်ဌာနမှထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုကြောင့် လူ(၄)ဦးသေဆုံးကာ ရာနှင့်ချီကာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ လူအချို့သည်မီးဘေးမှ လွတ်ကင်းရန် ပြတင်းပေါက်များမှခုန်ချခဲ့ကြကြောင်း၊မီးသတ်သမားများသည် မီးလောင်နေသည့် တိုက်ခန်းအတွင်းသို့ဝင်ရောက်ကာ လှေကားများဖြင့် လူ( ၃၀ )ကို ကယ်တင်ခဲ့ရကြောင်း ၊ ယခုကဲ့သို့၀မ်းနည်း ကြေကွဲစရာ ဖြစ်ရပ်အပေါ် မိမိတို့ အနေဖြင့်အလွန်စိတ်မကောင်းဖြစ်မိကြောင်း Milwaukee မီးသတ်ဌာနက ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

အဆိုပါ အဆောက်အဦးသည် ၁၉၇၄ ခုနှစ်မတိုင်မီက တည်ဆောက်ခဲ့သောကြောင့်မီးလောင်ရာတွင်အလိုအလျောက်ငြိမ်းသတ်ပေးသည့်ရေဖျန်းစနစ် ကို ထည့်သွင်းထားခြင်းမရှိကြောင်းမီးသတ်တပ်ဖွဲ၏ ပြောဆိုချက်ကို ကိုးကား၍ CNN ၏ တွဲဖက်သတင်းဌာနတစ်ခုဖြစ်သည့် WDJT က ဖော်ပြခဲ့သည်။မီးသတ်ဦးစီးဌာနမှ မီးလောင်ရသည့် အကြောင်းရင်း ကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်း  သိရသည်။ 

"မီးသတ်ဌာနက မီးလောင်မှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ဒီအဖြစ်ဆိုးကြောင့် ထိခိုက်ခံစားရသူတွေ အားလုံးနဲ့ ထပ်တူခံစားရပါတယ်"ဟု မြို့တော်ဝန် Cavalier Johnson ကဖေ့စ်ဘုတ်လူမှုကွန်ရက် တွင် ရေးသားခဲ့သည်။

Wisconsin ပြည်နယ်တွင်၂၀၂၁ ခုနှစ်မှစတင်ပြီး အဆောက်အဦး၊လူနေတိုက်ခန်းများတွင် အလိုအလျောက်မီးသတ်ရေဖြန်းစနစ်များ တပ်ဆင်ရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးထိုနှစ် ဧပြီလမှစတင်၍ စုပေါင်းလူနေတိုက်ခန်းများသည် အလိုအလျောက်မီးသတ်ရေဖျန်းစနစ်များ တပ်ဆင်ထားရမည်ဖြစ်သည်။

Milwaukee မီးသတ်ဌာနက အကြီးအကဲဖြစ်သူ Aaron Lipski က ၁၉၇၄ မတိုင်မီကတည်ဆောက်ခဲ့သည့် အဆောက်အဦများတွင်လည်း အလိုအလျောက် မီးသတ်ရေဖျန်းစနစ်များတပ်ဆင်ထား ခဲ့ပါက ယခုကဲ့သို့မီးလောင်မှုမျိုးဖြစ်ပွားခဲ့ရမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ Source/CNN

 

 

#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.