Preview

ဂါဇာဒေသ တစ်ခုလုံးကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း အစ္စရေး၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆို

ဂျွန်နသန် | မေ ၂၀/ ၂၀၂၅ | ကြည့်ရှုသူ :1771
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မေ ၂၀/၂၀၂၅

အစ္စရေးအနေဖြင့် ဂါဇာဒေသ တစ်ခုလုံးကို ထိန်းချုပ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်းအစ္စရေး၀န်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

အစ္စရေး စစ်တပ်သည် ဂါဇာတွင် ပြင်းထန်သည့် စစ်ဆင်ရေးကို ဆက်လက်ပြုလုပ်နေပြီးအစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုများကြောင့် လူ (၅၀) ကျော် သေဆုံးခဲ့ရပြီးနောက်တွင် ဂါဇာဒေသ တစ်ခုလုံးကို ထိန်းချုပ်သိမ်းပိုက်သွားမည်ဖြစ်ကြောင်းအစ္စရေး၀န်ကြီးချုပ်၏ပြောဆိုချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်းဂျော်ဒန်တိုင်းမ် ကဖော်ပြသည်။

"ဂါဇာမှာ တိုက်ပွဲတွေက ပြင်းထန်နေပါတယ်။ ကျွန်တော်တို့(အစ္စရေး)ရဲ့အခြေအနေက တိုးတက်ကောင်းမွန်နေပါတယ်၊ကျွန်တော်တို့(အစ္စရေး)အနေနဲ့ဒီ(ဂါဇာ) ဒေသ တစ်ခုလုံးကိုထိန်းချုပ်သိမ်းပိုက်သွားမှာပါ” ဟု အစ္စရေး ၀န်ကြီးချုပ်နေသန်ရာဟု က တနင်္လာနေ့ (မေ ၁၉ရက်) တွင် ပြောကြားခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ (၅၀)ကျော် သေဆုံးခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီ ၏မေ ၁၉ရက် တွင်ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသရှိ အကြမ်းဖက်ပစ်မှတ် (၁၆၀) ကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း ၊ တပ်ဖွဲ့၀င်များသည်ဟာမတ်စ်တို့ကို တိုက်ထုတ်ရန်အတွက်အချို့နေရာများကိုဝိုင်းရံ ထားပြီးအရပ်သားပြည်သူများကိုမထိခိုက်စေရန် ဘေးကင်းရာသို့ ရွှေ့ပြောင်းစေပြီးမှသာ တိုက်ခိုက်ခဲ့ကြောင်းအစ္စရေးစစ်တပ် ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးဖြစ်သူ Nadav Shoshani ကမေ(၁၉)ရက် တွင် ပြောကြားခဲ့သည်။

အစ္စရေးက မတ်လ ၁၈ ရက်နေ့မှစတင်၍ ပစ်ခတ်မှုများ ပြန်လည်စတင်ခဲ့ပြီးနောက် အနည်းဆုံးလူ(၃,၃၄၀)ဦးသေဆုံးခဲ့ကြောင်း၊ စစ်ပွဲတစ်ခုလုံးတွင်စုစုပေါင်းသေဆုံးသူဦးရေ (၅၃,၄၈၆) အထိ ရှိလာကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက မေ၁၉ရက်ကထုတ်ပြန်ချက်တွင်ဖော်ပြချက်အရသိရသည်။

အစ္စရေးက ဂါဇာကို နှစ်လကျော်ကြာ ပိတ်ဆို့ထားမှုကြောင့်ဂါဇာကမ်းမြှောင်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများနှင့်ရင်ဆိုင်ကြုံတွေ့နေရသည်။

"လူနှစ်သန်းသည် အငတ်ဘေးနှင့်ရင်ဆိုင်နေရသည်" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြင်းထန်သော သတိပေးချက်ထုတ်ပြန်ခဲ့သည်။မတ်လ (၂)ရက်တွင် ဂါဇာကို စတင်ပိတ်ဆို့ခဲ့သော အစ္စရေးအပေါ် ဖိအားများ တိုးလာချိန်တွင် အစ္စရေးက ဂါဇာသို့ အကန့်အသတ်ဖြင့် အကူအညီများ ဝင်ရောက်ခွင့်ပြုမည်ဟု ကြေညာခဲ့ပြီး "ကလေးများအတွက် စားနပ်ရိက္ခာများတင်ဆောင်လာ သည့် ထရပ်ကားများ မေ (၁၉)ရက်မှတွင် စတင်ဝင်ရောက်လာမည်ဟု နေသန်ရာဟုက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေးအေဂျင်စီ (OCHA)ကလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပြန်လည်စတင်ရန်အစ္စရေးအာဏာပိုင်များနှင့် ဆက်သွယ်ချဉ်းကပ်ကြောင်းခဲ့သည်ကို ရည်ညွှန်ပြီး "လက်တွေ့ကျသည့် သံတမန်ရေးရာအကြောင်းပြချက်များ" ကြောင့်ယခုကဲ့သို့ အကူအညီများပြန်လည် စတင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်နက်တန်ယာဟူက ပြောဆိုခဲ့သည်။

အစ္စရေးက ၎င်း၏ ပိတ်ဆို့တားဆီးမှုသည် ဟားမတ်စ်တို့က လက်နက်ချလာရန်အတွက် ဖိအားပေးရန် ရည်ရွယ်ကြောင်းပြောဆိုသော်လည်း ကုလသမဂ္ဂအေဂျင်စီများကမူ စားနပ်ရိက္ခာ ၊ သန့်ရှင်းသောရေ၊ လောင်စာဆီနှင့် ဆေးဝါးများအကြီးအကျယ် ပြတ်လပ်နေကြောင်းသတိပေးခဲ့သည်။ Source/ Jordan Times

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.