Preview

ရခိုင်စစ်ပွဲကို ဆန့်ကျင်ဆန္ဒပြတဲ့ မန္တလေးက ကျောင်းသားတစ်ဦးကို မနက်ဖမ်း၊ နေ့လယ်မှာထောင်ချ

စက်တင်ဘာ ၂၅/ ၂၀၂၀ | ကြည့်ရှုသူ :10091
ပြည်တွင်း သတင်း

နိရဥ္စရာ၊ စက်တင်ဘာ၂၅/၂၀၂၀

မန္တလေးတွင် ရခိုင်စစ်ပွဲနဲ့ စစ်တပ် ဆန့်ကျင်ရေး ဆန္ဒပြခဲ့တဲ့ ကျောင်းသား ၁ ဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဖမ်းဆီးပြီး နေ့လယ်ပိုင်းမှာ တရားရုံးက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ဖြင့် အလုပ်နဲ့ ထောင်ဒဏ် ၁ လချမှတ်လိုက်တယ်လို့ သိရှိ၇ပါတယ်။ 

ထောင်ချခံ၇တဲ့ ကျောင်းသားကတော့  ကိုမျိုးချစ်ဇော်(ခ) ကိုဘချစ်ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့က မန္တလေးမြို့တွင် ကျောင်းသားတွေဟာ ရခိုင်စစ်ပွဲ ဆန့်ကျင်ရေးနဲ့  စစ်တပ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲပြုလုပ်ခဲ့ကြပြီး အဲဒီအထဲ ပါဝင်တဲ့ ကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့သလို အမှုဖွင့်ပြီးတဲ့နောက် ကျောင်းသားတွေကို ခေါ်ယူ မေးမြန်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်ကျောင်းသားတွေကို ပြန်လွတ်ပေးခဲ့ပေမယ့် ဒီလ ၂၄ ရက်နေ့မှာ ကျောင်းသားတစ်ဦးကို ချက်ချင်းဖမ်း၊ ချက်ချင်းထောင်ချခဲ့တာဖြစ်ပါတယ်။

"ကိုဘချစ်ကို အမှတ် ၆ ရဲစခန်းကို မနေ့က နံနက်မှာ သူ့အိမ်ကနေ လာဖမ်းသွား ပြီး ချက်ချင်း ရုံးတင်ပြီး အလုပ်နဲ့ ထောင်ဒဏ် ၁ လ ချမှတ်လိုက်ပါတယ်။ အဲဒီဆန္ဒပြမှုမှာ ပါဝင်တဲ့ ကျောင်းသား ၁၃ ဦးကို အမှုဖွင့်ထားတာ။ အခုက ၁ ဦးကို စပြီး ချက်ချင်း ဖမ်း၊ ချက်ချင်းထောင်ချလိုက်တာပေါ့။ ကျန်တဲ့ ကျောင်းသားတွေကိုလည်းလိုက်ဖမ်းနေတယ်။ ကျနော်ဆိုရင်လည်း ဘာအမှုမှန်းမသိဘဲနဲ့ လိုက်ဖမ်းတာခံနေရတယ်" ဟု ကိုအောင်ပြည့်စုံဖြိုးက ရန်ကုန်ခေတ်သစ်ကို ပြောဆိုထားပါတယ်။

မိတ္တီလာမြို့နယ်မှာလည်း ရခိုင်စစ်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားခဲ့တဲ့ ကျောင်းသား ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) (ခ) နဲ့ အမှုဖွင့် ဖမ်းဆီးထားပြီး ၆ ဦးကို ဖမ်း၀ရမ်းထုတ်ထားတယ်လို့ သိ၇ပါတယ်။

( Source: Yangon Khit Thit  Media) 

#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.