NLD ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် ကွယ်လွန်


ချစ်အိလှိုင်

နိရဥ္စရာ၊ နိုဝင်ဘာ ၂၈/ ၂ဝ၂၁

ဖမ်းဆီးခံနေရာမှ လွန်ခဲ့သည့် အောက်တိုဘာ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်လာသည့် NLD  ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်သည် ယနေ့နိုဝင်ဘာ ၂၈ ရက် နံနက် နာရီခန့်က နှလုံးရောဂါဖြင့် ကွယ်လွန်ကြောင်း သတင်းရရှိသည်။

၄င်း၏ဇနီးဖြစ်သူက အခု မနက် နာရီခွဲမှာဆုံးတယ်။ နှလုံးသွေးကြောပိတ်တာ။ အရင်က ပန်းနာရင်ကြပ်ပဲရှိတာ။ အခုနောက်ပိုင်းမှဖြစ်တဲ့အခြေအနေပါဟု မီဒီယာများသို့ ပြောဆိုသည်။

မုံရွာအောင်ရှင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြန်ကြားရေးတာဝန်ခံတစ်ဦး ဖြစ်သည်။

၄င်းမှာ နှလုံးသွေးကြောပိတ်သည့်ရောဂါဖြင့် ယမန်နေ့က ဆေးရုံကဆင်းလာပြီးနောက် ၄င်း၏ နေအိမ်မှာ ယနေ့ နံနက်က ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူ

ဦးမောင်မောင်စိုးက ပြောသည်။

ဆေးရုံကပြန်ဆင်းလာပြီးဒီနေ့မနက်ဆုံးတာ။ ကိုအောင်ရှင်ဖုန်းနံပါတ်တွေကလည်း ထောင်ကထွက်လာပြီးတော့ အကုန်ပြောင်းကုန်တာဟုပြောသည်။

၄င်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖေဖော်ဝါရီ ရက်နေ့ဖမ်းဆီးခံခဲ့ရပြီး ပြန်လွတ်လာပြီး အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

Share: