Preview

ချင်းပြည်နယ် တီးတိန် မြို့နယ်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဧပြီ ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7347
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဧပြီ၇/ ၂၀၂၂(တိုင်းရင်းသားရေးရာ)

ချင်းပြည်နယ်တီးတိန်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး မနေ့ညနေက ပစ်သတ်ခံခဲ့၇ကြောင်း ချင်းသတင်းဌာန တစ်ခုဖြစ်သောChin world က သတင်းဖော်ပြသည်။


သေဆုံးသွားသည့်တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှုးမှာ ဦးကြည်မင်းထွန်း အသက် (၃၅ )နှစ် ဝန်းကျင် အရွယ်ဖြစ်ပြီး  တီးတိန်မြို့ကို ရာထူးတိုးဖြစ်ရောက်ရှိလာသည်မှာ ၁ နှစ်ဝန်းကျင်သာ ရှိသေးကြောင်း ဆိုသည်။


မြို့မ ဈေးအနီးတွင်ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံကားဖြင့်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ၎င်းသတင်းဌာနက ပြောသည်။


တီးတိန်မြို့ဒေသခံတစ်ဦးက "မြို့မဈေးနားက လဖက်ရည်ဆိုင်မှာ ဒီနေ့ ညနေပိုင်းလောက်မှာအမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ သိ၇တယ်"ဟုဆိုသည်။


အဆိုပါသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုမရှိသေးကြောင်းသိရှိ၇သည်။

#တိုင်းရင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.