နိရဉ္စရာ၊ ဧပြီ ၂၆/ ၀၂၂ (တိုင်းရင်းသားရေးရာ)
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA တပ်ဖွဲ့ဝင် ၂၀၀ကျော်သည် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးသည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော်-KNDO အဖွဲ့နှင့် ပေါင်းစည်းလိုက်ကြောင်း ကရင်သတင်းစဉ် KIC တွင် သတင်းဖော်ပြသည်။
ထိုပေါင်းစည်းမှုကို သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးက အတည်ပြုကြောင်း၊ ပူပေါင်းသည့် အဖွဲ့မှာ လတ်တလော စစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် ဗိုလ်စလုံး ဦးဆောင်သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA အဖွဲ့ဖြစ်ပြီး တပ်ဖွဲ့ဝင် ၂၀၀ကျော်ပါဝင်ကြောင်း သတင်းတွင် ဖော်ပြသည်။
ပူးပေါင်းလာသည့် ဗိုလ်စလုံးက DKBA မှ ၎င်း၏ရာထူးတာဝန်များကို KNDO ထံသို့ အပ်နှံကြောင်းနှင့် ဗိုလ်မှူးချုပ်စောနယ် ဒါးမြအနေဖြင့်လည်း အဆိုပါတပ်ဖွဲ့ဝင်သစ်များကို KNDO ကွန်မန်ဒို တပ်ရင်းအနေဖြင့် ဖွဲ့စည်းပေးသွားမည်ဖြစ် ကြောင်း ရုပ်သံမှတ်တမ်းကို ကိုးကားပြီးသတင်းတွင် ဖော်ပြထားသည်။
ထို့အပြင် DKBA မှ ၎င်းတို့အား တာဝန်ရာထူး ဘက်တံဆိပ်များ အပ်နှံလွှဲပြောင်းလာသည့်အပေါ်လည်း ပြင်ဆင် ဆောင်ရွက်မှုများ လုပ်ဆောင်ပြီးသွားပါက မိမိတို့၏ အဖွဲ့ဝင်များအဖြစ် အခမ်းအနားဖြင့် ကြိုဆိုသွားရန် အစီအစဉ် ရှိကြောင်းနှင့် KNDO ကွန်မန်ဒိုတပ်ရင်းအဖြစ် ဖွဲ့စည်းပေးသွားမည်ဖြစ်ပြီး ဗိုလ်စလုံးကို ၎င်းတပ်ရင်းမှူးအနေဖြင့် ဦးစီးစေမည်ဟုလည်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ဆက်ပြောသည်ဟုဆိုသည်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီကို လက်နက်ကိုင် ပြန်လည်ခုခံတိုက်ခိုက်ရာတွင် ယခင်က DKBA မှ မပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် DKBA စစ်ကြောင်းမှူး ဗိုလ်စလုံးက ၎င်းထံသို့ ခိုလှုံဝင်ရောက်လာသည့် ပြည်မဘက်မှ လူငယ်များ အပါအဝင် နယ်မြေခံ KNDO၊ KNLA တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြသည်။
ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဗိုလ်စလုံး၏ တပ်စခန်း တည်ရှိရာ သောင်ရင်းမြစ်ကမ်းနေရာကို ပြီးခဲ့သည့် ဇန်နဝါ ရီလ ၁၂ရက်နေ့က နယ်ခြားစောင့်တပ်(BGF)နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြေပြင်နှင့် ဝေဟင်ပါ ပူးပေါင်း၍ အပြင်းအထန် စစ်ကြောင်းထိုး တိုက်ခိုက်ခံခဲ့၇ပြီး တပ်ဖွဲ့ဝင်တချို့ ကျဆုံးသွားခဲ့၇သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။
လက်ရှိ ဗိုလ်စလုံးတို့တပ်ဖွဲ့ ဘက်ပြောင်း ပေါင်းစည်းခဲ့သည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြမှာ ယခင်က KNDO စစ်ဦး စီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ မေလတွင် လူ ၂၅ဦး သတ်ဖြတ်ခံ၇မှုနှင့်ပတ်သက်၍ KNU ကာကွယ်ရေးဌာနမှ ၎င်းအား ရာထူးနှင့် တာဝန် နှစ်ရပ်စလုံးကို ရပ်ဆိုင်းကြောင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ တွင် အမိန့်စာ ထုတ်ပြန်ခံထား၇သူဖြစ်သည်ဟု သိ၇သည်။
-----------