Preview

စစ်ကိုင်းတိုင်းတမူးတွင် အိန္ဒိယနိုင်ငံသားနှစ်ဦးသတ်ဖြတ်ခံရပြီးနောက် အိန္ဒိယအာဏာပိုင်များ နယ်စပ်ဖြတ်ကျော်ခွင့်ပိတ်

ဇူလိုင် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :9070
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၇/၂၀၂၂

 

စစ်ကိုင်းတိုင်း တမူးမြို့တွင်  ဇူလိုင် ၅ ရက်နေ့က အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံခဲ့၇ပြီး၎င်းလူသတ်မှုနှင့် ပတ်သက်ပြီး  အိန္ဒိယနိုင်ငံမိုးရေးမြို့ ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီးနောက် မဏိပူပြည်နယ်အာဏာပိုင်များက အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ထားရန် အမိန့်ထုတ်ပြန်လိုက်သည်ဟုသတင်းရရှိသည်။

 

၎င်းအမိန့်ကို အိန္ဒိယနိုင်ငံ မဏိပူပြည်နယ် Tingnopal ခရိုင် ခရိုင်အုပ်ချူပ်ရေးမူးမှအရေးပေါ် မိန့်အဖြစ် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး  အမိန့်ထဲတွင်အရေးကြီးကစ္စမရှိပဲအိန္ဒိယပြည်သူများ မြန်မာပြည်ဘက်ခြမ်းကိုသွားလာခြင်းမပြုရန် သွားလာမည်ဆိုပါကသက်ဆိုင်ရာ၏ ခွင့်ပြုချက် ရယူပြီးမှသာသွားလာ၇မည်ဖြစ်ကြောင်း၊  မြန်ပြည်ဘက်မှလည်း ခွင့်ပြုချက် မရှိဘဲ ဝင်ထွက်သွားလာခွင့်ပြုတော့မည်မဟုတ်ကြောင်း ၎င်းအပြင်မိုးရေးမြို့ထဲတွင် လူစုလူဝေး ပြုလုပ်ခြင်းအုပ်စုလိုက်သွားလာခြင်း ဇူလိုင် နေ့မှ စ၍ အကန်သတ်မရှိခွင်ပြုတော့မည်မဟုတ်ကြောင်း ပါရှိသည်ဟု သိ၇သည်။

 

ယခု အမိန့်ထုတ်ပြန်မှုသည် အိန္ဒိယနိုင်ငံသား ၂ ဦး တမူးမြို့တွင်အသတ်ခံ၇မှု အပေါ်  မကျေနပ်သည့် ပြည်သူ ၂၀၀ကျော်က  ဇူလိုင် ၆ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မိုးရေးမြို့ ဆန္ဒပြခဲ့ကြပြီးအိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်က  ရဲကင်းတစ်ခုကို မီးရှို့ခဲ့သည်။ ယင်းနောက်ယခုအမိန့်ကတ်သက်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

 

ဇူလိုင်၅ရက်နေ့က အိန္ဒိယနိုင်ငံ မိုးရေးမြို့မှာ နေထိုင်သည့် သက်၂၈နှစ်အရွယ် ယာနာနှင့် အသက်၃၅နှစ် အရွယ် မိုဟန် တို့  စစ်ကိုင်းတိုင်း တမူးမြို့ စော်ဘွားရပ်ကွက်၊ အမှတ်(၄) ကျောင်းအနီးတွင်  စစ်ကောင်စီလက်အောက်ခံပျူစောထီးအဖွဲ့က အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟPeople’s Defense Force (Tamu) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.