နိရဉ္စရာ၊ ဇူလိုင် ၈/၂၀၂၂
ကယားပြည်နယ်(ကရင်နီပြည်နယ်) ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကျဆုံးသွားခဲ့သည့် ရဲဘော် ၁၀ ဦးအတွက် ဈာပနအခမ်းအနားကို ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ကယားပြည်နယ် အခြေစိုက်ကန္တာ၇၀တီတိုင်း(မ်) ၎င်းကျဆုံးခဲ့ရသည့်ရဲဘော်များမှာ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF)ရဲဘော် ၉ ဦး နှင့်Mobye PDF ရဲဘော်၁ ဦး တို့ ဖြစ်ကြသည်ဟု ဖော်ပြသည်။
၎င်းတို့မှာ ဇူလိုင် ၄ ရက်နေ့က စစ်ကောင်စီတပ် တပ်စွဲထားသည့် လွယ်ပသာကုန်းစခန်း သွားရောက်တိုက်ခိုက်သည့်တိုက်ပွဲတွင် ပါဝင်သူများဖြစ်ကြသည်ဟု သိ၇သည်။
၎င်းတိုက်ပွဲမှာ၎င်းနေ့က တစ်နေကုန်နီးပါးဖြစ်ပွားခဲ့ပြီး KNDF B-03 တပ် ရဲဘော်၈ဦး၊ KNDF B-11 တပ်က ရဲဘော်၁ဦး၊ KA မှ ရဲဘော်၁ဦး နှင့် Mobye PDF မှ ရဲဘော်၁ဦး စုစုပေါင်း ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၁၁ ဦး ကျဆုံးခဲ့သည်ဟု ကန္တာ၇၀တီတိုင်း(မ်)က သတင်းဖော်ပြသည်။
ကရင်နီတပ်မတော်KA မှကျဆုံးသွားခဲ့သည့် ရဲဘော် တစ်ဦးကိုလည်း ဇူလိုင် ၆ရက်နေ့ ညနေ ၄နာရီအချိန် ဖရူဆိုမြို့နယ်မှာ ဈာပန အခမ်းအနားပြုလုပ် သဂြိုင်္လ်ခဲ့သည်ဟု သိ၇သည်။
၎င်းတိုက်ပွဲအတွင်းအတွင်း စစ်ကောင်စီတပ်ဖက်မှ၄၀ ဦး သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူ များပြားကြောင်း ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ကန္တာ၇၀တီတိုင်း(မ်) က သတင်းဖော်ပြသည်။
ဓါတ်ပုံ- KNDF