Preview

ရန်ကုန်မြို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်၍ လူပေါင်း ၁၀ ခန့်ဒဏ်ရာရ

ဇူလိုင် ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :2944
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဇူလိုင် ၁၂/ ၂၀၂၂

 

ရန်ကုန်မြို့တာမွေမြို့နယ် စမ်းချောင်းမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် ယနေ့ နေ့လယ်က ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးတံတားအောက် ဗုံးပေါက်ကွဲမှုတွင်ထိခိုက်ဒဏ်ရာ၇သူ ၈ ဦးထက်မနည်းရှိပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်းကူညီကယ်ဆယ်ရေး ပြုလုပ်နေသည့် အဖွဲ့များကို ကိုးကားပြီး ဧရာ၀တီသတင်းဌာနက ဖော်ပြသည်။

 

လှိုင်သာယာမြို့နယ်ထဲမှ  ၅ ထိပ် ပန်းခြံမှာလည်း ယနေ့ နေ့မွန်းလွဲပိုင်းက  ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လူ ၂ ဦး ဒဏ်ရာ၇ရှိသွားခဲ့သည်ဟု သိ၇သည်။

 

အလားတူ ယနေ့နေ့လယ်ပိုင်း၌လည်း တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် မပေါက်သေးသည့် ဗုံးတွေ့သဖြင့် ကားလမ်းများအား ပိတ်ဆို့ထားပြီး စစ်တပ်ကယင်းဗုံးအား ဖောက်ခွဲခဲ့သည်ဟု သိ၇သည်။

 

စစ်ကားများရှိရာအဆိုပါ နေရာကို ဖောက်ခွဲရန် မိုင်းထောင်ပြီးချိန်၌ အမှိုက်ကောက် ကလေးများ ရောက်ရှိလာ၍ဗုံးကို ဖွင့်ခြင်း၊ ပြည်သူများမှ ဗုံးကိုဝိုင်းအုံကြည့်ရှုနေခြင်းတို့ကြောင့်သာမန်အရပ်သားများ မထိခိုက်စေရန် Mission အား ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း Yangon LiberationForce (YLF) ထုတ်ပြန်ထားကြောင်း သိ၇သည်။


 Photo- CJ

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.