Preview

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးယာယီတာဝန်ခံ အလုပ်ရုတ်တရက်ရပ်ဆိုင်း

ဇူလိုင် ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :3473
ပြည်တွင်း သတင်း
နိရဉ္စရာ၊ ဇူလိုင် ၁၄/ ၂၀၂၂

 

မြန်မာနိုင်ငံဆိုင်ရာဗြိတိန်သံရုံးယာယီတာဝန်ခံ Pete Vowels က မြန်မာပြည်က ၎င်း၏ လုပ်ငန်းတာဝန်များကို ဇူလိုင် ၁၃ ရက်နေ့တွင် ရုတ်တရက် ရပ်ဆိုင်းလိုက်၇သည်ဟု သူ့  တွစ်တာစာမျက်နှာတွင် ရေးသားလိုက်သည်။

 

စစ်ကောင်စီ၏ဖိအားပေးမှုကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရတော့မည့်ဖြစ်ရပ်အပေါ် ဝမ်းနည်း စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားသည်။

 

သူ့ကိုစစ်ကောင်စီက မြန်မာပြည်က ထွက်ခွာဖို့ ဖိအားပေး ညွှန်ကြားခဲ့မှုအတွက် စိတ်မကောင်း ဖြစ်၇ကြောင်း၊ သူတို့ ရက်စက်စွာအာဏာသိမ်းမှုကို တရားဝင်အသိအမှတ်ပြုရန် ိအားပေးခံခဲ့၇သည့်အပေါ်  မိမိတို့ ငြင်းဆန်နိုင်ခဲ့သည့်အတွက် ဝမ်းသာမိပါကြောင်း  MrVowels က တွစ်တာတွင် ရေးသားထားသည်။

 

သူအခုလိုထွက်ခွာခဲ့၇သော်လည်း  မြန်မာပြည်မှာ ကျန်ခဲ့သည့် သူ့အဖွဲ့သားများက  တရားမျှတမှု၊ လွတ်လပ်မှုနှင် ငြိမ်းချမ်းမှုကလွဲပြီး တခြားဘာကိုမှလိုလားခြင်းမရှိကြောင်းနှင့်  မြန်မာပြည်သူများ အတွက် တတ်နိုင်သမျှဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

 

Pete Vowels သည်၂၀၂၁ ခုနှစ် သြဂုတ်လက စတင်ပြီး မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.