Preview

လွိုင်ကော်လေယာဉ်ကွင်းတွင် ခရီးသည်တင်လေယာဥ်ဆင်းသက်စဉ် သေနတ်ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ

စက်တင်ဘာ ၃၀/ ၂၀၂၂ | ကြည့်ရှုသူ :6807
ပြည်တွင်း သတင်း

နိရဉ္စရာ၊ စက်တင်ဘာ ၃၀/ ၂၀၂၂

ကယားပြည်နယ်မြို့တော် လွိုင်ကော်လေယာဉ်ကွင်းတွင် လေယာဉ်တစ်စီးဆင်းသက်စဉ်သေနတ်ပစ်ခံရသဖြင့် ခရီးသည်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းလေယာဉ်သည်  ရန်ကုန်-နေပြည်တော်-လွိုင်ကော် ပြေးဆွဲပျံသန်းလျက်ရှိသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)လိုင်းမှ ခရီးသည်တင်လေယာဥ်အမှတ် XY-AML  ဖြစ်ကြောင်း သိ၇သည်။

၎င်းလေယာဉ်သည် ခရီးသည် ၆၃ ဦးအားတင် ဆောင်၍ ယနေ့ နံနက် နာရီ ၄၅ မိနစ်ခန့်က လွိုင်ကော်လေဆိပ်သို့ဆင်းသက်ရန်ပြုလုပ်ခဲ့စဉ်လေယာဉ်ပြေးလမ်း၏ မြောက်ဘက် မိုင်ခန့်အကွာအရောက်တွင် လက်နက် ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်  Popular  News  တွင် သတင်းဖော်ပြသည်။  

ပစ်ခတ်မှုကြောင့် လေယာဥ်ဘယ်ဘက်ဝမ်းဗိုက်အားဖောက်၍ ကျည်ဝင်ရောက်ခဲ့မှုကြောင့် စီးနင်းလိုက်ပါလာသည့် ခရီးသည်များအနက် တစ်ဦးတွင်  ာပါး၌ ကျည်ဖောက် ဝင်ဒဏ်ရာရရှိခဲ့ကြောင် သိ၇သည်။

ဒဏ်ရာရရှိသူသည် လွိုင်ကော်မြို့၊ဧက ၅၀၀ ရပ်ကွက်နေသူဟု သိ၇သည်။

 "ပစ်ခတ်ခံခဲ့၇သည်မှာ မှန်ကန်သည်ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ကြောင်း Popular. News တွင်ဖော်ပြထားသည်။

 ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့သူအား လုံခြုံရေးအဖွဲ့ဝင်များက လွိုင်ကော်ပြည်သူ့ဆေး ရုံသို့ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိ၇သည်။

ယခု ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီဘက်က လေဆိပ်ကို လုံခြုံရေး အပြည့်ယူထားပြီး မြို့ပေါ်တွင်လည်း အစစ်အဆေးကြမ်းနေကြောင်း  မြို့ခံများကို ကိုးကားပြီး ဘီဘီစီတွင် ဖော်ပြထားသည်။

ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်တွင်လည်းလက်နက်ကြီးသံများ ကြားခဲ့၇ပြီး  လမ်းသွားလမ်းလာများ ကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းဆက်လက်ရေးသားထားသည်။

 

(ဓာတ်ပုံ- Popular News Journal)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.