အင်္ဂါ၊ မတ်လ ၁၉ရက်၊ ၂၀၂၄

ထိုင်း – မြန်မာနယ်စပ်တွင် မူးယစ်မှောင်ခိုအဖွဲ့နှင့်ထိုင်းလုံခြုံရေးတပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၁၅ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

နိရဉ္စရာ၊ ဒီဇင်ဘာ /၂၀၂၂

ထိုင်း မြန်မာ နယ်စပ် ချင်းမိုင်ခရိုင် ဖှန်မြို့နယ်တွင် ထိုင်းလုံခြုံရေးတပ်ဖွဲ့နှင့် မူးယစ်မှောင်ခိုအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထိုင်းလုံခြုံရေးတပ်က ထုတ်ပြန်ထားသည်ဟု သျှမ်းသံတော်ဆင့် (SHAN) တွင် သတင်းဖော်ပြသည်။

ယခု အခင်းဖြစ်ပွားသောနေရာသည် ရှမ်း(သျှမ်း)ပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင် မြို့နယ်ခွဲနှင့်မျက်နှာချင်းဆိုင်ဟု ဆိုသည်။

ထိုင်းလုံခြုံရေးတပ်သည်  မွမ့်ပင်အုပ်စုဂိတ် (၁၂) တွင် စောင့်ကြပ်စစ်ဆေးနေစဉ် ယနေ့ ဒီဇင်ဘာ () ရက် မနက်အစောပိုင်းက အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ မူးယစ်မှောင်ခိုအဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းမှ တောလမ်းမှ ဖြတ်ကျော် ဝင်ရောက် လာကြောင်း၊  ၎င်းအဖွဲ့တွင် အမျိုးသား (၂၀) ဦးထက်မနည်း ပါဝင်ကြောင်း၊ ထိုင်းလုံခြုံရေးဘက်မှ တားဆီးစဉ် မရပ်ပေးသည့်အပြင် သေနတ်ပစ်ခတ်သဖြင့် ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း ချင်းမိုင်နယူးစ် သတင်းက ဖော်ပြထားသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုင်းလုံခြုံရေး တပ်ဖွဲ့က သွားရောက် စစ်ဆေးရာ အဆိုပါ အဖွဲ့မှ (၁၅) ဦး၏အလောင်းများတွေ့ရပြီး ၄င်းတို့နှင့်အတူ အိုက်စ်မူးယစ်ဆေး၊ လက်နက်ကြီး လက်နက်ငယ်များထည့်ထားသည့် ကျောပိုးအိတ် ၂၉ လုံးနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိကြောင်း၊ လွှတ်မြောက်နေသူများရှိနေသည်ဟု ယုံကြည်သဖြင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့က အင်အားဖြည့်တင်းကာ တောနင်းလိုက်ရှာမှုပြုနေကြောင်း ချင်းမိုင်းသတင်းဌာနက ရေးသားဖော်ပြထားသည်

 (ဓာတ်ပုံ SHAN)

ဆက်စပ် သတင်းများ