Preview

CDM ကျန်းမာရေးဝန်ထမ်းတွေခန့်ထားတဲ့အတွက် မန္တလေးက ပုဂ္ဂလိက ဆေးရုံတချို့ ပိတ်ထားခံရ

ဒီဇင်ဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :13479
ပြည်တွင်း သတင်း

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၉/၂၀၂၂

မန္တလေးမြို့ကပုဂ္ဂလိက ဆေးရုံ တစ်ချို့ CDMကျန်းမာရေးဝန်ထမ်းတွေခန့်ထားတဲ့အတွက် ယာယီ ပိတ်သိမ်း ခံရမှုတွေရှိနေတယ်လို့သတင်း၇ရှိပါတယ်။

ယာယီပိတ်သိမ်းခံရတဲ့ဆေးရုံတွေဟာ နန်းတော်မြို့၊ ကံ့ကော်၊ ထက်နေလင်းနဲ့ စိန်ပန်း ပုဂ္ဂလိက ဆေးရုံတွေ ဖြစ်ပြီးအဲ့ဒီ ဆေးရုံတွေကို ၂၀၂၃၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဧပြီလကုန်ပိုင်း အထိ ၄ လ ယာယီ ပိတ်သိမ်းထားဖို့ စစ်ကောင်စီက ပြောဆိုလာခဲ့တာလို့လဲ ဆရာဝန်အသိုင်းအဝိုင်းက ပြောပါတယ်။

သူတို့ (စစ်ကောင်စီ)က လုပ်ချင်ရာလုပ်တာ။ ဘာမှလဲ မပြောပြချင်တော့ပါဘူး။ ဒါပေမယ့်သူတို့ဆေးရုံကို မသွားချင်ကြတဲ့ ကျန်းမာရေးစောင့်ရှောက်ဖို့ လိုအပ်တဲ့ သူတွေအတွက်တော့စိတ်မကောင်းဘူး ပေါ့လို့ ဆရာဝန် တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်တပ်အာဏာသိမ်းအစောပိုင်းကာလမှာ CDMပါဝင်လှုပ်ရှားခဲ့တဲ့ ဆရာဝန် ၅၅၀ ကျော်ကို ဆေးကုသခွင့် လိုင်စင် (ဆမ)ပိတ်သိမ်းပြီး ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာမျိုးတွေကိုလည်း လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ခဲ့၇ပါတယ်။

အခုလိုပုဂ္ဂလိက ဆေးရုံတွေ ပိတ်သိမ်းခိုင်းတာကိုလည်း စစ်ကောင်စီက ဆရာဝန်တွေ၊သူနာပြုတွေ၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေဟာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာကြဖို့ လိုအပ်တယ်ဆိုပြီးဝန်ခံ ပြောဆိုထားတာကို တွေ့၇ပါတယ်။

စစ်ကောင်စီကတော့သူတို့ရဲ့ မြို့ပေါ်ရှိ ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးတွေနဲ့ အထူးကု ပြည်သူ့ဆေးရုံကြီးတွေကို ပိတ်ရက်မရှိ ၂၄ နာရီလူနာကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့လဲ ဆိုပါတယ်။

 NN - 25

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.