နိရဉ္စရာ၊ ဒီဇင်ဘာ၃၀/ ၂၀၂၂
ဒေါ်အောင်ဆန်းစုကြည်အားနောက်ထပ် ထောင် ဒဏ် ရ နှစ် ထပ်မံချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံကနေသိရှိ၇သည်။
ယနေ့ ဒီဇင်ဘာ ၃၀ရက်နေ့က ချမှတ်ခဲ့သည့် အမှုများသည် ၇ဟတ်ယာဉ် ငှားသည့် အမှု ၃ မှုနှင့် ပြုပြင် ထိန်းသိမ်းသည့်၁ မှုအတွက် တစ်ပေါင်းတည်း ထောင်ဒဏ် ၃ နှစ် ကျခံရန်အတွက် ချမှတ်ခဲ့ကြောင်း သိရှိ၇သည်။
ထိုအပြင် ၇ဟတ်ယာဉ်အသစ် တစ်စီး ဝယ်ယူခဲ့သည့် အမှု ၁ မှုအတွက် ထောင်ဒဏ် ၄ နှစ် ကို လည်း ယနေ့ နေပြည်တော်အချုပ်ထောင်ထောင်တွင်းတရားရုံးကနေပဲ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကနေ အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲဆိုထားခဲ့တာဖြစ်ပြီး ယနေ့ တွင် အဆိုပါအမှုများအားလုံးပြီးစီးပြီး ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်ကို ကျခံ၇မည်ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကောင်းမွန်ပြီး မည်သည့် နေရာသို့ ပြောင်းရွှေ့ ချုပ်နှောင်ထားခံရမည်ကို မသိရှိရသေးကြောင်းကိုလည်းတရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။