ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)တပ်ရင်းများ ၂၀၂၃ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4k

နိရဉ္စရာ၊ ဇန်နဝါရီ ၅/၂၀၂၃

ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)တပ်ရင်းများ ၂၀၂၃ ခုနှစ် အတွင်း စစ်ရေး အရှိန်မြှင့်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ထိုသို့ စစ်ရှိန်မြင့်ရေးအတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူများ နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)တပ်ရင်းများသည် ယနေ့ ဇန်နဝါရီ ၅ ရက် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

"ဆွေးနွေးပွဲတွင် ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် စီမံချက်များနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ် အတည်ပြုခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ တာဝန်ရှိသူများမှ လိုအပ်သည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့သည်"ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုထားသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်၌ စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်ပြီး လက်ရှိတွင် အမှတ် - ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄၊ ၁၂၀၅ တပ်ရင်း ၅ ရင်းဖြင့် စုဖွဲ့ထားသည်ဟု  ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)မှ တစ်ဆင့် သိရှိရသည်။

နောက်ထပ်  တပ်ရင်းအသစ်များ တိုးချဲ့ စုဖွဲ့ရန်အတွက်လည်း ပြင်ဆင် လျက်ရှိသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ရင်းများသည် မေမြို့နှင့် နောင်ချိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်များဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။

ထိုထိတွေ့တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်သား သေဆုံးသူ အများအပြားကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ၏ ဖော်ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ - စစ်သင်တန်းဆင်းပွဲ တစ်ခုမှ MDY - PDF ရဲဘော်များ

ဆက်စပ် သတင်းများ