Preview

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် အရပ်သား ၃၃၅ ဦးသေဆုံးခဲ့ပြီး အမျိုးသမီး ၁၅ ရာခိုင်းနှုန်းပါဝင်ကြောင်း Southern Monitor ထုတ်ပြန်

ဇန်နဝါရီ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :10952
ပြည်တွင်း သတင်း

နိရဥ္ဇရာ၊ဇန်နဝါရီလ ၁၀/၂၀၂၃

 

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှ ယနေ့ထိ စစ်အာဏာသိမ်းကာလ ၂ နှစ်တာနီးပါးကာလအတွင်းတနင်္သာရီတိုင်းတွင် အရပ်သား ၃၃၅ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး၁၅ ရာခိုင်းနှုန်းပါဝင်ကြောင်း Southern Monitor က ဇန်နဝါရီလ ၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရှိ၇သည်။

 

ယခုလိုသေဆုံးမှု စာရင်းတွင် အရပ်သား စာရင်း ၃၃၅ ဦး နှင့် ထိခိုက်ဒဏ်ရာရှိမှု အရပ်သား ၁၂၈ဦးရှိခဲ့ပြီး ရာခိုင်းနှုန်းတွက် ချက်မှုအရ သေဆုံးမှုစာရင်းတွင် အမျိုးသား ရရ ရာခိုင်နှုန်း၊အမျိုးသမီး ၁၅ ရာခိုင်နှုန်းနှင့် ကျား - မ ခွဲခြားဖော်ပြနိုင်မှုမရှိခြင်းက ရ ရာခိုင်နှုန်းပါဝင်ကြောင်း ထုတ်ပြန်ချက် အရ သိ၇သည်။

 

Southern Monitor ထုတ်ပြန်ချက် အရပ်သားသေဆုံးမှု စာရင်းတွင် စစ်ကောင်စီဘက်မှ လုပ်ကြံ့သတ်ဖြတ်မှုနှင့် ဒေသခံ ကာကွယ်ရေးပြည်သူ့တပ်ဖွဲ့များ၏မှားယွင်းစွာ သတ်ဖြတ်မှုများ စာရင်းကို ပြုစုထားခြင်းဖြစ်သည်ဟုဆိုသည်။

 

အရပ်သားသေဆုံးမှုစာရင်းဖြစ်သည့်အတွက် လက်နက်ကိုင်ဆောင်ထားသည့် (စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDFERO) အဖွဲ့စည်းဝင်များ သေဆုံးမှုကိုထည့်သွင်း တွက်ချက်ထားခြင်းမရှိဟု သိ၇သည်။

 

စစ်ကောင်စီဘက်မှကျူးလွန်သည့် အရပ်သားသေဆုံးမှု ဖြစ်စဉ်များတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ပစ်ခတ်နှိမ်င်းခြင်း၊စစ်ကောင်စီ တပ်ဖွဲ့များ စစ်ကြောင်းထိုးလာချိန် ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးထိမှန်သေဆုံးခြင်း၊ ဆိုင်ကယ်စီးသူများနှင့် သာမန်ပြည်သူများအား လုံခြုံရေးအ၇ အကြောင်းပြချက်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းများ ပါဝင်သည်။

 

သေဆုံးသူတွေထဲမှာသာမန်အရပ်သားတွေအပြင် လက်နက်မကိုင်ထားတဲ့ ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ပါတီဝင်တွေ၊ PDF နဲ့ဆက်စပ်သူတွေကိုလည်း ထည့်သွင်းရေးတွက်ထားပါတယ်။ ဘာကြောင့် လဲဆိုရင် သေဆုံးသူတွေရဲ့ ကိုယ်ရေးနောက်ခံအချက်အလက်တွေက (ကျူးလွန်သူတွေက သူတို့ ကိုစွပ်စွဲတဲ့ အတိုင်း) အမှန်တကယ် ဟုတ်မဟုတ်အတည်ပြုနိုင်ဖို့ ခက်ခဲတဲ့အတွက် ထည့်သွင်းရေးတွက် ထားခြင်း ဖြစ်ပါတယ်ဟု SouthernMonitor က ပြောသည်။

 

ထိုအပြင်စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့်အဖွဲ့အစည်းများ၏ က်ကြွလူငယ်များသည်  PDF အဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် NLD ပါတီဝင်များအား ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများပါရှိသည်။

 

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ကျူးလွန်သည့် အရပ်သားသေဆုံးမှု စာရင်းတွင် ပျူစောထီး သွေးသောက်၊စစ်တပ်သတင်းပေးသူများ ပါဝင်ပြီး အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်း၊မိသားစုဝင်များအား ထိခိုက်သေဆုံးစေမှုနှင့် မှားယွင်း ပစ်ခတ်ကြမှုများ ပါဝင်သည်။

 

အထက်ပါဖြစ်စဉ်များအတိုင်း နှစ်ဖက်အပြန် ကျူးလွန်ကြမှုကြောင့် ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့်သရက်မြို့နယ်များသည် အခြားမြို့နယ်များထက် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရှိ၇သည်။

 

ြို့နယ်အလိုက်ကြည့်မယ်ဆိုရင် ထားဝယ်မြို့နယ်၊လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နဲ့ သရက်ချောင်း မြို့နယ်တွေကအခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှုအရေအတွက် သိသိသာသာ များပြားတာတွေ့ရပါတယ်။အရပ်သား သေဆုံးသူဦးရေရဲ့ ရရ ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်ကြပြီးကျန် ၁၅ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ကျန်တဲ့ ရ ရာခိုင်နှုန်းကိုတော့ ကျား/မ ခွဲခြားဖော်ပြနိုင်ခြင်းမရှိပါဘူး၎င်းက ဆိုသည်။

#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.