စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မဲဆောက်မှာ မြန်မာနှစ်ဦးထံကနေ မူးယစ်ဆေးပြား ရှစ်သောင်းဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၈/  ၂၀၂၃

 

မြန်မာ-ထိုင်း နယ်စပ် မြဝတီ-မဲဆောက်၊ မဲဆောက်ဖက်အခြမ်းမှာ မြန်မာနိုင်ငံ သားနှစ်ဦးထံကနေ စိတ်ကြွမူးယစ်ဆေးပြား သောင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

 

ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပမာဏဟာ ၂၀၂၃ နှစ်ဆန်းမှာ အများဆုံးပဲလို့ ဦးမိုးကြိုးက ပြောပါတယ်။

 

ဲဒီနေရာက ရဲဂိတ်ချတတ်တဲ့နေရာတွေပေါ့၊ သူတို့ကို စစ်ဆေးလိုက်တော့ ဆိုင်ကယ်မှာလည်း ဆေး ပြားအနည်းငယ်တွေ့တယ်၊ နောက်ဆက်တွဲအနေနဲ့ ထပ်စစ်ဆေးရာမှာ သူတို့နေအိမ်ထဲမှာပါ ဆေးပြား ရှစ်သောင်းတောင် သိမ်းဆည်းရမိတယ်ဆိုတော့ ၂၀၂၃ နှစ်ဆန်းမှာ ဒါအများဆုံးအရေအတွက်ပေါ

 

မဲဆောက်မြို့ထဲကို ဆိုင်ကယ်နဲ့စီးလာတဲ့ သူတို့နှစ်ဦးကို ဝပ်ဒွန်ကယောက် ထိုင်းဘုန်းကြီးကျောင်းအနီး မှာ ထိုင်းရဲက မင်္သကာလို့စစ်ဆေးရာကနေ အမှတ် ချစ်ကြည်ရေးတံတားနဲ့ မီတာ ၄၀၀ အကွာရှိ သူတို့ အိမ်ခန်းအတွင်း ဆေးပြား ၈၀၀၀၀ ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြ ထားပါတယ်။

 

သူတို့နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ်က မမေ ဆိုတဲ့အမျိုးသမီးဟာ ဆေးသုံးစွဲထားတဲ့ မသင်္ကာဖွယ်ရာတွေ့ရပြီး သူတို့နေအိမ်ထဲအထိ ရှာဖွေရာကနေ ခုလိုဖော်ထုတ်ဖမ်းဆီးရမိတာလို့ ထိုင်း သတင်းဌာနတွေမှာလည်း ဖော်ပြထားပါတယ်။

 

နှစ်နီးပါးပိတ်ထားတဲ့ အမှတ် ချစ်ကြည်ရေးတံတားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။

ဆက်စပ် သတင်းများ