Preview

စစ်ကောင်စီ အကြပ်အတည်းဆိုက်နေချိန် တုန့်ဆိုင်းမနေဘဲ စုပေါင်းအားဖြင့် တိုက်ထုတ်ရန် KIO ဥက္ကဋ္ဌ တိုက်တွန်း

ဖေဖော်ဝါရီ ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :2817
ပြည်တွင်း သတင်း

နိ၇ဉ္စရာ၊ ဖေဖော်ဝါရီ ၆ /၂၀၂၃

 

စစ်ကောင်စီအကြပ်အတည်းဆိုက်နေချိန်ဖြစ်၍ တုန့်ဆိုင်းမနေဘဲ စုပေါင်းအားဖြင့် တိုက်ထုတ်ရန် KIOဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဖေဖော်ဝါရီ ၅ ရက်နေ့ကကျရောက်သည့် ၆၂ နှစ်ပြည့် KIO နှစ်ပတ်လည်နေ့ အခမ်းအနားတွင်တိုက်တွန်းပြောဆိုခဲ့သည်ဟု သိ၇သည်။

 

 "အခုလို စစ်ကောင်စီအကြပ်အတည်းဆိုက်နေတဲ့အချိန်မှာ ပြည်သူတရပ်လုံး၊ တော်လှန်ရေး အင်အားစုတွေ အားလုံး စုစည်းအင်းအားနဲ့ရန်သူလုပ်ဆောင်မယ့် အစီအစဉ်တွေကို အထမမြောက်ပျက်စီးအောင် ဆောင်ရွက်ကြ၇မှာ ဖြစ်တယ်  အခွင့်အခါကောင်းဖြစ်ပေါ်နေချိန်မှာ တုံ့ဆိုင်းနှောင့်နှေးနေရင် နောက်နောင်မှာ ပိုမိုခက်ခဲလာမှာဖြစ်တယ်"ဟု ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသည်။

 

၎င်းအပြင်တော်လှန်ရေး အင်းအားစုများအနေဖြင့် တစ်ဦး တစ်ဖွဲ့တည်းလုပ်ဆောင်ခြင်းဖြင့် ရန်သူကိုအနိုင်မရရှိနိုင်ကြောင်းကိုလည်း ပြောဆိုသည်။

 

စစ်ကောင်စီအနေဖြင့်အာဏာတည်တန့်ရေးအတွက် အဖြစ်မနေ ရွေးကောက်ပွဲပြုလုပ်မည်ကို တွေ့မြင်နေ၇ပြီး၎င်း၏အစီအစဥ်များ အထမမြောက်အောင်လည်း ပြုလုပ်ကြ၇မည် ဖြစ်ကြောင်းပြောဆိ သည်။

 

၀၂၃ခုနှစ်ဟာ အာဏာသိမ်းစစ်ကောင်စီအတွက် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ပြီးရွေးကောက်ပွဲပြုလုပ်ပြီး အာဏာသိမ်းမှု တရားဝင်ဖြစ်လာရေးအတွက်စီစဉ်လုပ်ဆောင်နေ အာဏာသိမ်းစစ်တပ်ရဲ့စီစဉ်လုပ်ဆောင်မှုတွေ အထမမြောက် ပျက်ပြားသွားအောင် လုပ်ဆောင်သွားကြမှာဖြစ်တယ်ဟု ပြောဆိုသည်။

 

စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရေးသည်တနိုင်ငံလုံး၏တူညီသည့် အချက်ဖြစ်၍ KIO သည် NUG၊တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်ဟု သိ၇ည်။

 

အဆိုပါနှစ်ပတ်လည်အခမ်းအနားကို ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် PSLF/TNLA ,MNTJP/MNDAA နှင့်ULA/ AA တို့ကသဝဏ်လွှာ ပေးပို့ခဲ့ကြသည်။

 

ပုံစာ -KIO ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လမှ ၂၀၂၃နှစ် နှစ်သစ်ကူးမိန့်ခွန်းပြောကြားခဲ့စဥ်

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.