Preview

ဖားကန့် မှော်လုပ်ကွက်ဟောင်း ရေကန်အတွင်း ပြုတ်ကျခဲ့သည် မိသားစု (၃) ဦးအထဲမှ အမျိုးသမီးအလောင်းကို (၈) လအကြာမှ ရေထဲကဆယ်ယူရရှိ

ဖေဖော်ဝါရီ ၀၈/ ၂၀၂၃ | ကြည့်ရှုသူ :534
ပြည်တွင်း သတင်း

နိရဥ္စရာ၊ဖေဖော်ဝါရီ ၈/၂၀၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှော်မောင်းလျှံကျေးရွာရှိ မှော်လုပ်ကွက်ဟောင်းရေကန်အတွင်းပါကျဲဒိုး ကားဖြင့် မိသားစု (၃) ဦး ပြုတ်ကျပျောက်ဆုံးမှု ဖြစ်စဥ်အထဲက  အမျိုးသမီးအလောင်းမှာ ()လကြာမှ ရေပေါ်သို့ ထွက်ပေါ်လာခဲ့ကြောင်းသိရှိ၇သည်။

"မနေ့ကတွေ့တာဗျ၊အလောင်းကတော်တော်ဆိုးနေပြီအဝတ်အစားကြောင့်သာ အမျိုးသမီးလို့ ပြောနိုင်တာ"ဟုလူမှုကူညီရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။ 

၎င်းရုပ်အလောင်းကိုဖေဖော်ဝါရီ ရ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိ၇သည်။ 

အဆိုပါ မိသားစု(လင်မယား ၂ဦးနှင့် ကလေး ၁ ဦး)သည် ကလေးအား ဆေးခန်းပြရန် ၂၀၂၂ ဇွန်လ ၉ ရက်နေ့ နံနက်၉နာရီအချိန်ခန့်က မှော်မောင်းလျှံမှ ဖားကန့်သို့ ဆင်းလာစဥ်ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

ထိုသို့ပြုတ်ကျခဲ့မှုကြောင့်လူမှုကူညီရေး အသင်းများနှင့် ဒေသခံများက (၁) ပတ် တိတိ ရှာဖွေ ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သော်လည်းတစ်စုံတစ်ရာမျှ မတွေ့ရှိခဲ့ပေ။

၎င်းတို့သည်မှော်မောင်းလျှံအကျိုးတူကုမ္ပဏီမှ ဝန်ထမ်းမိသားစုဖြစ်ပြီး ပေ ၄၀၀ နီးပါးနက်သည့် 

မှော်လုပ်ကွက်ဟောင်းရေ ကန်ထဲကို ကားနှင့် အတူ ပြုတ်ကျ နစ်မြုပ်ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ 

"တော်တော် ကြာပြီ၇ လ ၈ လ လောက်ပေါ့။ အခုမှ ရေထဲက ပေါ်လာတယ်ဆိုတော့ အရမ်းအံ့သြမိတယ်။ တော်တော်ပုတ်ပွနေပြီအလောင်းလို့သာ သိရုံပဲရှိတော့တယ်" ဟု တွေ့မြင်ခဲ့သည့် ဒေသခံ တစ်ဦးကပြောသည်။

တွေ့ရှိအမျိုးသမီးရုပ်အလောင်းကို ဖားကန့်ကြက်ခြေနီ၊ လူမှုကူညီရေးအသင်းများနှင့်ဒေသခံများဝိုင်းဝန်းဆယ်ယူခဲ့ကာမှော်မောင်းလျှံအကျိုးတူကုမ္ပဏီကမှ တာဝန်ယူ သဂြိုလ်ပေးခဲ့ကြောင်းသိ၇သည်။

ကျန်ရှိအမျိုးသားနှင့် ကလေး တို့ဖြင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ လက်ရှိအချိန်အထိ မသိ၇သေးပေ။

(NN - 25)

 

ဓာတ်ပုံ- တွေ့ရှိ ရုပ်အလောင်း

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.