Preview

စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha တပ်ဖွဲ့ထံ အလင်းဝင်

ဖေဖော်ဝါရီ ၂၁/ ၂၀၂၃ | ကြည့်ရှုသူ :6640
ပြည်တွင်း သတင်း

(တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်)

 

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၁/၂၀၂၃

 

ချင်းပြည်နယ် ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလ၇ ၂၆၉ က တပ်သား ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ Chinland DefenseForce-Hakha (CDF-Hakha) တပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် အလင်းဝင်ပူးပေါင်းခဲ့သည်ဟု CDF-Hakha က သတင်းထုတ်ပြန်ထားသည်။

 

၎င်းစစ်ကောင်စီတပ်သားနှစ်ဦးတို့သည် MA3 တစ်လက်၊ MA1 တစ်လက်၊ ကျည်ဆံ ၆၇၄ တောင့်၊ ကျည် ကတ် ခု၊ လက်ပစ်ဗုံး လုံး၊ ၆၀ မမ ဗုံးသီး လုံးတို့နှင့်အတူ အလင်းဝင်ပူးပေါင်းလာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ထန်တလန်မြို့ တိုက်ပွဲများတွင် အကျအဆုံးများနေသည့်အတွက် စစ်ကောင်စီတပ်၏ အောက်ခြေစစ် သားများ စိတ်ဓာတ်ကျနေပြီး ယခုလိုအလင်းဝင်လာခြင်းဖြစ်ကြောင်း CNF ပြောခွင့်၇သူဆလိုင်းထက်နီ က နိရဉ္စရာ ကို သုံးသပ်ပြောသည်။

 

 က်ရှိ မြေပြင်က စကစ တပ်ထဲမှာ အောက်ခြေအဆင့်စစ်သားတွေက စိတ်ဓာတ်ကျဆင်းမှုများနေ တယ်လို့ သိ၇တယ်၊ ဒါကြောင့်လည်း တိုက်ပွဲတွေကို ဝေဟင်သုံးလာတယ်လို့မြင်တယ်’’

 

၎င်းစစ်ကောင်စီတပ်သား ဦးတို့ကို တစ်ဦးလျှင် ဆုကြေးငွေ ကျပ်သိန်း ၃၀ စီချီးမြှင့်ပြီး လုံခြုံသည့်နေ ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF-Hakha ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီ ရက်ကလည်း ထန်တလန်မြို့မရဲစခန်းကို CNF နှင့် CDF-Hakha ပူးပေါင်းတပ် တွေ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး သေနတ် ၄၀ ကျော်နှင့် ခဲယမ်းများလည်း သိမ်းဆည်း၇မိခဲ့ကြောင်း ဆလိုင်းထက်နီက ပြောသည်။

 

Photo ;Chinland Defense Force-Hakha

 

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.