ထိုင်းနိုင်ငံတောင်ပိုင်း နရာထိဝါ့ခရိုင်စုဟိုင်ကိုလို့မြို့နယ်ထဲတွင်မလေးရှားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၂၁ ဦးတို့ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ထိုင်းအာဏာပိုင်များ ကဖမ်းဆီးလိုက်သည်ဟုထိုင်းသတင်းမီဒီယာများတွင်ဖော်ပြထားသည်။
၎င်းမြန်မာရွှေ့ပြောင်းလုပ်သား
ပြည်ပတွင်အလုပ်ရရှိရန် MOU စနစ်ဖြင့် တရားဝင်လျှောက်ထားလုပ်ကိုင်ကြသော်လည်း ဘာကြောင့် မှန်းမသိ ကြန့်ကြာမှုများကြောင့်အလုပ်သမားများသည် ရသည့်နည်းလမ်းဖြင့် ထွက်လာကြ၇ခြင်းဖြစ် ကြောင်း မြန်မာအလုပ်သမားများအရေး ကူညီပေးနေသည့်ကိုစောမောင် က နိရဉ္စရာ ကို ပြောသည်။
‘’ တရားဝင်နည်းလမ်းနဲ့သွားဖို့လွယ်
၎င်းမြန်မာအလုပ်သမား ၂၁ ဦးထဲတွင် အမျိုးသား ၁၈ဦးနှင့် အမျိုးသမီး၃ ဦး တို့ဖြစ်ကြောင်း၊ ယင်းတို့ကိုနရာထိဝါ့ခရိုင် စုဟိုင်ကိုလို့မြို့နယ် ပါစမတ်ကျေးရွာအုပ်စု၅ နမ်းသို့ရွာ တောစပ်တစ်နေရာတွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိ၇သည်။
နရာထိဝါ့ခရိုင်သည် ထိုင်းနှင့်မလေးရှားနယ်စပ်နေရာဖြစ်ပြီးမလေးရှားနိုင်ငံသို့အလုပ်သွားလုပ်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာမကြာဖမ်းဆီး၇မိသည့် ဒေသလည်းဖြစ်ကြောင်း သိ၇သည်။
Photo ; Thai News