သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံ၌အကျဉ်းကျခံထားရသည့် လွတ်ရက်စေ့မြန်မာတစ်ရာကျော်ပြန်လည်လွှဲပြောင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

နိရဉ္စရာ၊ မတ် ၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အကျဉ်းကျခံထားရသည့် မြန်မာနိုင်ငံသား ၁၃၈ ဦးတို့ကို ပြစ်ဒဏ်မှ လွတ် ရက်စေ့ခြင်းကြောင့် မတ်လ ၂ ရက် ယနေ့တွင် မဲဆောက်မြို့မှ မြန်မာနိုင်ငံဖက်သို့ သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံထဲတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ခံရသူများကို မြန်မာနိုင်ငံဖက်သို့  ပြန်လည်လွှဲ ပြောင်းပေးခြင်းဖြစ်ကြောင်း မဲဆောက်မြို့က အလုပ်သမားသံအရာရှိ ဦးလှမျိုးသန်းက နိရဉ္စရာ ကို ပြော သည်။

‘’အများစုကတော့ ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်လာလို့ အဖမ်းခံရသူတွေပါတယ်၊ ဒီထဲမှာ အလုပ် သမားတွေတော့ မပါပါဘူးဗျ၊ မြန်မာနိုင်ငံဖက်ခြမ်းက သူတို့ကိုပြန်လက်ခံမယ်၊ သူတို့နေရပ်ဆီ ပြန်ပို့ပေး ဖို့ စီစဉ်ထားပါတယ်’’

၎င်းမြန်မာနိုင်ငံသား ၁၃၈ ဦးတို့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်း ရေးစင်တာ (Immigration Detention Centre – IDC) မှ လွတ်ရက်စေ့ခဲ့ကြသူများဖြစ်ကြောင်းလည်း ဦးလှမျိုးသန်းက ပြောသည်။

၎င်းတို့ကို ဘန်ကောက်မြို့ မြန်မာသံရုံးမှ သံမှူးကြီး ဦးမော်ဗလ၊ မဲဆောက်မြို့မှ အလုပ်သမား သံအရာရှိ  ဦးလှမျိုးသန်း၊ မဲဆောက်မြို့ Immigration Division မှ Superintendent ဖြစ်သူ Col. Borwornphop Soontornlekha တို့ ဦးဆောင်သောအဖွဲ့သည် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားတွင် မတ်လ ၂ ရက် မနက်ပိုင်းက လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဖက်မှ မြဝတီခရိုင်၏ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၊ မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေး ဌာန လဝကရုံးမှ လ/ထ ညွှန်ကြားရေးမှူး ဦးဝေမျိုးသက် ဦးဆောင်သောအဖွဲ့က လက်ခံပြီး ၎င်းတို့နေ ရပ် အသီးသီးသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်၊ ၈ရက်နှင့် ၁၅ရက်နေ့များကလည်း ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ် ရေးနှင့် ထိန်းသိမ်းရေးစင်တာတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသား ၆၀၀ ကျော်တို့ကိုလည်း ကော့သောင်းမြို့ရှိ မြန်မာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ (NN 24)

Photo ; Myanmar Embassy Bangkok

ဆက်စပ် သတင်းများ