Preview

မလေးရှားတွင် အလုပ်သွားလုပ်မည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦး ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်တွင် ထပ်အဖမ်းခံရပြန်

မတ် ၀၃/ ၂၀၂၃ | ကြည့်ရှုသူ :1474
ပြည်တွင်း သတင်း

နိရဉ္စရာ မတ် /၂၀၂၃

 

ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၅ ဦးတို့ကို မတ်လ ရက်က ဖမ်းဆီးထားမိကြောင်း ထိုင်းအထူးတပ်ဖွဲ့ (၂၅) တွင် ဖော်ပြထားကြောင်း သိ၇ သည်။


ယင်းနေ့ ၁၁ နာရီအချိန်က စစ်ဆေးရေးဂိတ်တွင် ပစ်ကပ်ကားတစ်စီးသည် ရပ်မပေးဘဲ မောင်းနှင်ခဲ့ရာ ချွန်ဖော်ခရိုင်၊ ပါ့ထွင်မြို့နယ်၊ ခေါင်ချိုင်ယရချ်ကျေးရွာ၊ အုပ်စု လမ်းဘေးတစ်နေရာ၌ အဆိုပါကားရပ် ထားသည်ကိုတွေ့ရှိ၍ တာဝန်ရှိသူများကစစ်ဆေးရာ ယာဉ်မောင်းမှာထွက်ပြေးသွားပြီး မြန်မာအလုပ် သမား ၁၅ ဦးတို့ကို တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။


မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့်အတွက် ယခုလိုမြန်မာလုပ်သားများ တရား မဝင် ဝင်ရောက်လာရင်း အဖမ်းခံနေ၇သည်ဟု မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်  ပေးနေသည့် ကိုစောမောင်က နိရဉ္စရာကို ပြောသည်။


‘’တိုင်းပြည်က နိုင်ငံရေးမတည်ငြိမ်၊ စီးပွားရေးတွေကျ၊ အလုပ်အကိုင်အခွင့်အလမ်းကနည်းနေ၊ ပြည်ပ ထွက်အလုပ်လုပ်မယ်ဆိုတော့ တရားဝင်ဖြစ်ဖို့က ပက်စပို့ရုံးတွေကပိတ်၊ တရားမဝင် နယ်စပ်ဖြတ်ကျော် လာကြတော့ ထိုင်းအာဏာပိုင်တွေရဲ့အဖမ်းခံ၇တာပေါ့။’


အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ဦးတို့ဖြစ်ပြီး မြန်မာနိုင်ငံဘက်ကနေ ပရာကျွတ်ခီလီခမ်ခရိုင်ကို ခြေလျှင် ဖြင့် လာကြခြင်းဖြစ်ကြောင်း၊ အုန်းခြံတစ်ခုအနီး လမ်းဘေးတစ်နေရာတွင် ကားတစ်စီးမှ ၎င်းတို့ကို လာ ကြိုပြီး မလေးရှားနိုင်ငံဖက်သို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ပွဲစားကို တစ်ဦးလျှင် ဘတ် ငွေ ၃၇၀၀၀ ထိ ပေး၇မည်ဖြစ်သော်လည်း သတ်မှတ်နေရာရောက်မှသာ ငွေပေးချေ၇မည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများ၏ ထွက်ဆိုချက်အ၇ ဖော်ပြထားကြောင်း သိ၇သည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဆုန်ခလာခရိုင်၌ မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ကြမည့် ရွှေ့ပြောင်းမြန်မာလုပ်သား ၁၀၁ ဦးတို့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး၇မိခဲ့ ကြောင်း သိ၇သည်။
NN 24

Photo ; ThaiNews

 

 

#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.