နိရဉ္စရာ၊ မတ် ၇/၂၀၂၃
စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်အတွင်း မတ်လ ၆ ရက်က အသက် ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့
စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်လာသည့်အတွက် မုံလှ၊ သရက်ကုန်း၊ ကလုံ၊ သာဝတ္ထိ၊ ရှင်မင်းဒင် စသည့်ကျေးရွာပေါင်း ရ ရွာက ဒေသခံ ၈ ထောင်ကျော်တို့ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေ
မုံလှကျေးရွာမှအသက် ၈ နှစ်အရွယ် မစုရတနာမြင့်ဆိုသူမိန်းကလေးသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ဆန်ထိမှန်သေဆုံး
‘’ရွာတွေထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်လာတော့ ကြောက်လန့်ပြီးရွာသားတွေက ဘေး လွတ်ရာထွက်ပြေးကြရတာ၊ မုံလှရွာက အသက် ၈ နှစ်အရွယ်မိန်းကလေးက စစ်ဘေးရှောင်လာရင်းသရက်ပင်အောက်မှာ နားနေရင်းကနေ လက်နက်ကြီးကျည်ဆန်ကျလို့ သေဆုံးခဲ့ရတာ၊ ဒဏ်ရာရသူတွေကိုတော့ ဘေးလွတ်ရာမှာ ဆေးကုသပေးနေပါတယ်’’ ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး တာဝန် ခံက ပြောသည်။
ယင်းသို့စစ်ဘေးရှောင်သူများထဲမှ သရက်ကုန်းကျေးရွာက အသက် (၉၀) ကျော်အရွယ် အဖွားအိုတစ်ဦး သည်မတ်လ ရ ရက် ယနေ့နံနက်ပိုင်းက စစ်ဘေးရှောင်ရင်း လမ်းမှာတင် အအေးမိသေဆုံးခဲ့ကြောင်းသိ ၇သည်။
"အခုမနက်ဆုံးသွားတာပါ။ ကိုယ်လွတ်ပြေးလွှားလာရတာဆိုတော့ ဘာမှမပါကြဘူးလေ။ရာသီဥတုက လည်း သိတဲ့အတိုင်းပဲလေဗျာ" ဟု ၎င်းက ဆက်ပြောသည်။
"ကျမတို့ အသက် ၇၀ ကျော်၊ ၈၀ ဆိုတာ ကျန်းမာရေးကလည်းမကောင်း၊အခုလိုတိမ်းရှောင်လာရတော့ တော်တော် ဒုက္ခရောက်တယ်။ အဝတ်အထည်နဲ့ အသက်လွတ်ရာ ထွက်လာကြရတာလေ။ကျန်းမာရေး အတွက် တော်တော်လေး အခက်တွေတာပေါ့" ဟုကလုံ ကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များသည်ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းကကျေးရွာ
စစ်ဘေးရှောင်များသည်တောတောင်တွေထဲတွင် ဖြစ်သလိုနေထိုင်ကြရပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး များ၊သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ ပါဝင်နေလို့ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအသောက်များလည်း အရေးပေါ် လိုအပ်ရှိသည့်အတွက်ကူညီလှူဒါန်း ပေးကြရန် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမေတ္တာရပ်ခံထားသည်။
(NN - 25)
ဓာတ်ပုံ -ခင်ဦးနယ်အတွင်းက တိုက်ပွဲရှောင် ဒေသခံများ