နိရဉ္စရာ၊ ဧပြီ ၁/ ၂၀၂၃
ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ထဲ၌ မတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ (၇) ရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်က ၂၀ ဦး သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိထားကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။
KNU/KNLA တပ်မဟာ ၆၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည့် တော်လှန်ရေးတပ်ဖွဲ့များပူးပေါင်
မတ်လ ၂၅ ရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်မှ ဗိုလ်ကြီးအဆင့်တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးခဲ့ ပြီး ၃ ဦး ဒဏ်ရာ၇ခဲ့ကာ ဒုရဲမှူး ၁ဦး၊တပ်ကြပ်ကြီး ၁ဦး၊ တပ်ကြပ် ၂ဦး၊ ဒုတပ်ကြပ် ၂ဦး၊ တပ်သား ၁ဦး နှင့် ဒုတပ်ကြပ်၏ဇနီး ၁ ဦး စုစုပေါင်း ၈ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါတိုက်ပွဲမှ ပစ္စတို ၁လက်၊ AK Rifle ၇လက်၊ AK စက်လက် ၁လက်၊ G3 ၇လက်၊ UZI ၁လက်၊ AK ကျည်၁၉၆ တောင့်၊ G3 ကျည်၃၈၅ တောင့်၊ 9mm ၁၀၄တောင့် စသည့် စစ်အသုံးအဆောင် ပစ္စည်းများ အား သိမ်းဆည်း၇မိခဲ့ကြောင်း သိ၇သည်။
ယင်းနေ့တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၂ဦး ဒဏ်ရာရှိခဲ့ပြီး၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ ၅မှ ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ ၂၆ရက်တိုက်ပွဲတွင် မဲကနယ်ရွာ၊ ရွှေမြစန္ဒီမြို့သစ်၊ အိမ် ၅၀ရပ်ကွက်အား စစ်ကောင်စီတပ်ဖက် က လက်နက်ကြီးဖြင့် အကြိမ်ရေ ၃၀ထက်မနည်း ပစ်ခတ်ခဲ့ရာ နေအိမ် ၂လုံး၊ ဆိုင်ကယ် ၁စီး ပျက်စီးဆုံး ရှုံး၍ ဝက် ၁ ကောင် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ ၂ရရက်တိုက်ပွဲတွင် စစ်တပ်နှင့် နယ်ခြားစောင့်တပ် BGF တို့ဖက်မှ လက်နက်ကြီးဖြင့် ၁၈ကြိမ် ပစ်ခတ်ခဲ့ရာ မဲကနယ် ဘုန်းကြီးကျောင်းမုဒ်ဦး ပျက်စီးခဲ့၇ကြောင်း ဖော်ပြထားသည်။
မတ်လ ၂၈ရက်တွင် ရွှေမြစန္ဒီမြို့သစ်အား လက်နက်ကြီးဖြင့် ၄၈ကြိမ်အထိ ပစ်ခတ်ခဲ့ရာ နေအိမ် ၁၃လုံး ထိမှန်ပြီး အိမ် ၁လုံး မီးလောင်ပြာကျခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့တို့ဘက်မှ Drone နှင့် Sniper အသုံး ပြုပြီးပစ်ခတ်မှုကြောင့် BGF ၁ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာ၇ခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ ၂၉ရက်တွင် စစ်တပ်ဖက်မှ လက်နက်ကြီးဖြင့် အကြိမ် ၂၀ထက်မနည်းပစ်ခတ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တို့ဘက်မှ Sniper၊ Drone တို့ဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်ကြီးအဆင့် ၁ဦးနှင့် IO ၁ဦး သေဆုံးပြီး အခြား အဆင့် ၂ဦး ဒဏ်ရာ၇ခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ ၃၀ရက်တွင် တော်လှန်ရေးတပ်ဖွဲ့တို့ဖက်မှ သင်္ကန်းညီနောင်ရဲစခန်းအား Sniper ဖြင့်ပစ်ခတ်ခဲ့ရာ ၃ဦး သေဆုံးခဲ့ပြီး နယ်ကျွံလာသည့် BGF ဗိုလ်ကြီးအဆင့် ၁ဦးအပါအဝင် ၃ဦး အရှင် ဖမ်းဆီး၇မိခဲ့ကြောင်း ဖော်ပြထားသည်။
မတ်လ ၃၁ရက်တွင် စစ်တပ်ဖက်မှ လက်နက်ကြီးနှင့် ၁၃၅ကြိမ်အထိ ပစ်ခတ်ခဲ့ရာ နေအိမ် ၉လုံးထိခိုက် ပျက်စီးခဲ့ပြီး နွား ၃ကောင်သေဆုံးကာ တော်လှန်ရေးရဲဘော် ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့တို့ဖက်မှ ပြန်လည်တိုက်ခိုက်ခဲ့ရာ BGF ၆ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာ၇ခဲ့ကြောင်း ဖော်ပြထား သည်။
စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် BGF တပ်ဖက်မှ မြေပြင်တိုက်ပွဲများတွင် ပြန်လည်ပစ် ခတ်တိုက်ခိုက်ခဲ့သလို လေကြောင်းမှလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိ၇သည်။
အဆိုပါတိုက်ပွဲများကြောင့် မြ၀တီမှ ကော့ကရိတ်အထိ အာရှလမ်းမကြီးတစ်လျှောက် ပိတ်ထား၇ကာ မြ၀တီမြို့နယ်ထဲ ညမထွက်၇အမိန့် ထုတ်ပြန်ထား၇ကြောင်း သိ၇သည်။ NN - 24
Photo ; CobraColum