Preview

အိန္ဒိယနိုင်ငံသား (၃) ဦး နယ်စပ်တွင်သတ်ဖြတ်ခံ၇မှု ကျူးလွန်သူများကို အထောက်အထားနှင့်တကွဖမ်းမိထားပြီဟု CDF- မင်းတပ်ထုတ်ပြန်

ဧပြီ ၁၀/ ၂၀၂၃ | ကြည့်ရှုသူ :4276
ပြည်တွင်း သတင်း
နိရဉ္စရာ ဧပြီ ၁၀ / ၂၀၂၃

 

ချင်းပြည်နယ်နှင့် မီဇိုရမ်ပြည် နယ်စပ်တောအုပ်ထဲတွင် အိန္ဒိယနိုင်ငံသား ဦးသတ်ဖြတ်ခံ၇မှုတွင် ကျူးလွန်သူများကို အထောက်အထားသက်သေများနှင့်အတူ ဖမ်းမိထားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်က ဧပြီ ရက်က သတင်းထုတ်ပြန်သည်။

 

အဆိုပါလူသတ်မှုတွင်ကျူးလွန်သူများကို ဖမ်းဆီးမိထားပြီး တရားဥပဒေနှင့်အညီ တရားစီရင်နိုင်ရေး အတွက် ချင်းကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

 

မီဇိုရမ် ပြည်နယ်သား () ဦး သတ်ဖြတ်ခံ၇မှုနှင့် စပ်လျဉ်း၍CDF-Mindat အနေဖြင့် ၎င်းဖြစ်ရပ်ကို ပြင်းထန်စွာ.. ရှုတ်ချကြောင်း၊ မီဇိုရမ်ပြည်နယ်သားများနှင့် သတ်ဖြတ်ခံ၇သူများ၏ မိသားစုဝင်များ နှင့်ထပ်တူ ဝမ်းနည်း၇ပါကြောင်း၊ အဆိုပါ ဖြစ်ရပ်တွင် CDF-Mindat . အဖွဲ့အစည်းအနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေး အတွက် ကူညီပံ့ပိုးရန် အသင့်ရှိကြောင်းကို မတ်လ ၂၉ ရက်က ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ရေးသားထားသည်။

 

မီဇိုရမ်ပြည်နယ်သား () ဦး သတ်ဖြတ်ခံ၇မှုကြောင့် လက်ရှိတော်လှန်ရေး ကာလတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူများကို အားတက်သရော အကူအညီပေးနေသည့် မီဇိုရမ်ပြည်သူ၊ မီဇိုရမ်အစိုး၇နှင့် မြန်မာစစ်ဘေးရှောင်ပြည်သူများအကြား ဆက်ဆံရေးဆိုးရွားပြီး မီဇိုရမ်ပြည်နယ်တွင် ရောက်ရှိခိုလှုံနေကြသည့် မြန်မာစစ်ဘေးရှောင်များအတွက် ပိုမိုကျပ်တည်းသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိ၇သည့်အတွက်လည်း ကြီးစွာစိတ်မကောင်း ဖြစ်၇သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

 

သေဆုံးသွားခဲ့သည့် အိန္ဒိယနိုင်ငံသား () ဦးမှာ Siaha မြို့တွင် နေထိုင်သူ ဦးဖြစ်ကြသည့် Pi Biaksuii Pu Bablu နှင့် နောက်တစ်ဦးမှာ Lawngtlai ခရိုင် South Lungpher ကျေးရွာ သား B.Lalthafamkima တို့ဖြစ်ကြောင်း သိရှိ၇သည်။

၄င်းတို့သုံးဦးသည် မတ်လ ၁၉ ရက်က မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ခွာသွားပြီးနောက် မတ်လ ၂၂ ရက်တွင် နယ်စပ်ရှိတောအုပ်တစ်နေရာတွင် သတ်ဖြတ်ခံ၇ပြီးသေဆုံးနေသည်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိ၇သည်။(NN-23and 25)

#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.