နိရဥ္စရာ၊ ဧပြီ ၂၅/၂၀၂၃
ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံ ပြန်လည် လွတ်မြောက်လာသည့်မြန်မာနိုင်ငံသား (၁၇၁) ဦး ကို ဧပြီ (၂၄) ရက် နေ့လယ်ပိုင်းက ကော့သောင်းသို့ ပြန်ပို့ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းတို့ကို ထိုင်းနိုင်ငံ ရနောင်း ရေဆိပ်ကနေ ကော့သောင်း မြို့မတံတားရေဆိပ်သို့ ရေယာဥ်များဖြင့် ပို့ဆောင်ခဲ့ခြင်း ဖြစ်ပြီး အာဏာပိုင်များက ပြန်လည်လက်ခံ ခဲ့ကြောင်း သိရှိ၇သည်။
လွတ်ရက်စေ့ပြန်လည်လွတ်မြောက်သူများထဲမှအများစုသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန်တရားမဝင် လမ်းကြောင်းအသုံးပြု ဝင်ရောက်ခဲ့မှုနှင့် ပွဲစားများ၏လိမ်လည် မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့၇သူများ ဖြစ်ကြောင်းသိရှိ၇သည်။
"ကျမတို့နိုင်ငံကကြည့်လေ ဘာအလုပ်အကိုင်ရှိလို့လဲ။ ရှိပြန်တော့လဲ အခကြေးနဲ့ ကုန်ဈေးနူန်းနဲ့ကြည့်လေ။ အဲ့ဒါကြောင့် အလုပ်လေး လုပ်ချင်တော့၇တဲ့နည်းနဲ့ သွားရတာပဲ၊ဖမ်းခံရမှသာဖမ်းခံရရောပေါ့"ဟု ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်းဒေသ အချုပ်ထောင်များတွင်အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသားများအားကော့သောင်း ဒေသအာဏာပိုင်များဆီကို အနည်းဆုံး လစဥ် (၁)ကြိမ်နှင့် အထက် လွဲပြောင်းလေ့ရှိသည်။
ယခုပြန်လည်လွတ်မြောက်လာသူများထဲတွင် အမျိုးသား (၁၂၆) ဦးနှင့် အမျိုးသမီး (၄၅)ဦး ပါဝင်ပြီး ၎င်းတို့ကို ကိုဗစ် ၁၉ ရောဂါ စစ်ဆေးစောင့်ကြပ်မှုများ ပြုလုပ်ထားမှုနှင့်အတူ ကိုယ်ရေးအချက် အလက် စစ်ဆေးခြင်းများအား ပြုလုပ်ထားကြောင်း သိရှိ၇သည်။
ကိုဗစ်စောင့်ကြပ်မှုများအပြီး သက်ဆိုင်ရာက နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးမှုများအားကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းကိုလည်း သိရှိ၇သည်။(NN - 25) ဓါတ်ပုံ - အချုပ်လွတ်နေရပ်ပြန် မြန်မာနိုင်ငံသားများ