Preview

ကန်ချနပူရီခရိုင် တောထဲ၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀ ကျော် အဖမ်းခံရ

ဧပြီ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :1294
ပြည်တွင်း သတင်း

နိရဉ္စရာ၊ဧပြီ၂၇/ ၂၀၂၃

ထိုင်းနိုင်ငံကန်ချနပူရီခရိုင်ထဲသို့တရားမဝင်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား၄၂တို့သည် ဧပြီ ၂၆ ရက် ညပိုင်းကတောထဲတွင်ဖမ်းဆီးခံခဲ့၇ကြောင်း သတင်းရရှိသည်။

 

ကန်ချနပူရီနယ်မြေသတင်းဌာနတွင်ဖော်ပြချက်အ၇ ဖမ်းဆီးခံ၇သူများအထဲတွင် အမျိုးသား၂၇ ဦးနှင့်အမျိုးသမီး၁၅ ဦး ပါဝင်သည်ဟု ဆိုသည်။ 

 

၎င်းရွှေ့ပြောင်းမြန်မာအလုပ်သမားတို့သည်မြန်မာနိုင်ငံက်အခြမ်းမှတောလမ်းကနေဝင်ရောက်လာကြခြင်းဖြစ်ကာ ထိုင်းအာဏာပိုင်၊ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ကကင်းလှည့်ရင်းကနေဖမ်းဆီး၇မိခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သူများနိုင်ငံတွင်အလုပ်၇ရန်တောတောင်ထဲကနေခက်ခက်ခဲခဲနှင့်လာ၇ခြင်းဖြစ်ပြီးယခုလိုအဖမ်းခံ၇သည့်အတွက်စိတ်မကောင်းဖြစ်မိကြောင်းအလုပ်သမားရေးဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

 

အလုပ်၇ဖို့ဘယ်လိုနည်းလမ်းနဲ့ပဲလာရလာ၇လာကြမှာပဲဗျသူတို့တွေကတောထဲကနေဝင်လာကြတာဖြစ်ပြီးလမ်းမှာဒုက္ခတွေရင်ဆိုင်ရင်းနဲ့လာကြသူတွေဖြစ်တော့ ကိုယ့်မြန်မာလူမျိုးတွေအတွက်စိတ်မကောင်းဖြစ်မိတယ်ဟု ပြောသည်။

 

၎င်းတို့သည်၇ခိုင်၊ရန်ကုန်၊ပဲခူးနှင့်မော်လမြိုင်စသည့်ဒေသများမှ လာရောက်ကြသူများဖြစ်ပြီးထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ဆာခေါ၊၇ယောင်း၊ကန်ချနဘူရီဒေသများတွင်သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ကြောင်းစစ်ဆေးမေးမြန်းချက်အ၇ သိ၇သည်။

 

ဖမ်းမိသူများကိုသက်ဆိုင်ရာရဲစခန်းတွင်ထိန်းသိမ်းထားပြီး ဥပဒေအတိုင်းဆက်လက် လုပ်ကိုင်သွားမည်ဖြစ်ကြောင်းအဆိုပါသတင်းဌာနက ဖော်ပြထားသည်။

 

ဧပြီလအတွင်းထိုင်းနိုင်ငံထဲ၌ဖမ်းဆီးခံလိုက်၇သည့်တရားမဝင်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅၀ ခန့် ရှိပြီဖြစ်ကြောင်းထိုင်းသတင်းဌာနများ၌ဖော်ပြထားသည်များကိုစာရင်းပြုစုထားချက်အ၇ သိ၇ သည်။ NN - 24

Photo ;  Thai News

#မြန်မာ-ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.