တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မဲဆောက်တွင် ဆိုင်ကယ်စီးနင်းလာသည့် မြန်မာအမျိုးသား (၂)ဦးကို သေနတ် ၂လက်နှင့်အတူ ဖမ်းဆီးရမိဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 761

နိရဉ္စရာ၊ မေ ၂ / ၂၀၂၃


ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မဲဆောက် - အုံးဖန် ကားလမ်းပေါ် ဆိုင်ကယ်စီးနင်းလာသည့် မြန်မာ အမျိုးသား (၂)ဦးကို မေလ ၁ က်နေ့ ညနေပိုင်းက သေနတ် (၂) လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

ဖမ်းဆီးခံရသူ ၂ ဦးသည် ဆိုင်ကယ်ကို အရှိန်ပြင်းစွာမောင်းနှင်လာသည့် အတွက် မသင်္ကာမှုဖြင့် ထိုင်းဒေသ အာဏာပိုင်များ ကရပ်တန့်စေပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှ သေနတ် (၂) လက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ သည်။

 

ဖမ်းဆီးရမိသည့် သေနတ် (၂) လက်သည် AK – 47 မောင်းပြန်ရိုင်ဖယ် ၁ လက်နှင့် အမျိုးအစားစစ်ဆေးနေဆဲဖြစ်သည့် သေနတ် (၁) လက်တို့ဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ သေနတ် (၂)အား ဓာတ်မြေသြဇာအိတ်အခွံ့နှင့် ပတ်၍ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ (၂) တို့အား မဲဆောက်မြို့နယ် ရဲစခန်း တွင် ထိန်းသိမ်းထားကြောင်း မဲဆောက်ဒေသတွင်း သတင်းများ၏ ဖော်ပြ ချက်အရ သိရှိရသည်။

 

မနေ့ ညက သေနတ်တွေနဲ့ မိတယ်တော့ ကြားတယ်။ မြန်မာနိုင်ငံသားတွေလို့တော့ ပြောတယ် မဆိုင်တဲ့သူတွေဖြစ်ပေမယ့် စိုးရိမ်မိပါတယ်ဟု မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းအမျိုးသမီး တစ်ဦးက ပြောသည်

 

၂၀၂၃ ခုနှစ် နှစ်စပိုင်းကလည်းက ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် ရွှေ့ပြောင်း မြန်မာများအား လုံခြုံရေး တင်းကြပ်မှုများ၊ နေထိုင်ခွင့် စာရွက်စာတမ်း ရှိမရှိ စစ်ဆေးအရေးယူမှုများအား အာဏာပိုင်များက ပိုမိုလုပ် ဆောင်လာခဲ့ကြောင်း မဲဆောက်ရောက်ရှိနေသူများက ပြောဆိုကြသည်။

 

(NN – 25) ဓာတ်ပုံ - သိမ်းဆည်းရမိသည့် သေနတ် (၂) လက် (เอกแม่สอด)

ဆက်စပ် သတင်းများ