Preview

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရ

မေ ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :1905
ပြည်တွင်း သတင်း

နိရဉ္စရာ၊မေလ ၂/ ၂၀၂၃

 

ထိုင်းနိုင်ငံ(မြောက်ပိုင်း) ချင်းရိုင်ခရိုင်ထဲကို  ခိုးဝင်လာသည့် တရားမဝင်မြန်မာနိုင်ငံသား ၂၇ဦးကို ထိုင်းဒေသအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း (Thai) သတင်းဌာန၏ ဖော်ပြချက် သတင်းအရ သိရှိ၇သည်။

 

မေလ၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ချင်းရိုင်ခရိုင် ချင်းဆဲန် မြို့ထဲသို့ အရှိန်ပြင်းပြင်းဖြင့်  မောင်းနှင်လာသည့် ပစ်ကပ်ကားအား နယ်ခြားစောင့်ရဲတပ်ဖွဲ့မှမသင်္ကာ စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား၂၇ ဦးကို ဖမ်းဆီးမိခြင်းဖြစ်သည်ဟုဆိုသည်။  

 

ဖမ်းဆီးခံ၇သည့်အထဲတွင်မြန်မာအမျိုးသမီး ၉ ဦး အပါအဝင် (၂၇)ဦးဖြစ်ကြောင်း၊  ထိုင်းလူမျိုးယာဉ်မောင်းတစ်ဦးက သယ်ဆောင်လာခြင်းဖြစ်ကြောင်း၊  ယာဉ်မောင်းကိုလည်း ၎င်းတို့နှင့် အတူဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းများအ၇ သိ၇သည်။

 

ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသားများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ တဆင့်ထိုင်းနိုင်ငံအတွင်း တရားမဝင် လမ်းကြောင်း များမှ ခိုးဝင်လာကြခြင်းဖြစ်ကြောင်းနယ်ခြားစောင့်ရဲ အမှတ် ၃၂၇ ဒု - ရဲမှူးကြီး Ananawat Rattanawichai ကပြောဆိုထားသည်။

 

ထိုင်းဥပဒေအရဖမ်းဆီးရမိသူများအား တရားဝင်ခွင့်ပြုချက်မရှိပဲ ဝင်ရောက်လာမှုနှင့် အမှုဖွင့်ထားလိုက်ပြီး ထိုင်းာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသားများအား ကူညီမှုဖြင့် သက်ဆိုင်ရာက အမှုဖွင့် တရားစွဲဆိုထားလိုက်ပြီ ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

 

မြန်မာနိုင်ငံတွင်နိုင်ငံရေးအခြေအနေနှင့် စီးပွားရေး ကျပ်အတည်းများကြောင့်ပုံစံအမျိုးမျိုးဖြင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ကြပြီး ၎င်းအထဲတွင် ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်ကိုင်ကြသူကအများဆုံးဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးသူများထံမှ သိရှိ၇သည်။

 

ထိုင်းနိုင်ငံအတွင်းအလုပ်လုပ်ကိုင်ရန်အတွက် တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်မှုကြောင့်မြန်မာရွေ့ပြောင်း အလုပ်သမားများသည့် နေ့စဉ်နှင့် အမျှဖမ်းဆီးခံနေကြ၇သည်။

 

 (NN – 25) Ref : MaesaiPress ဓာတ်ပုံ- ဖမ်းဆီးခံ၇သည့် မြန်မာနိုင်ငံသား ၂၇ ဦးနှင့် ထိုင်းလူမျိုးယာဉ်မောင်း(၁)ဦး (MaesaiPress )

#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.