နိရဉ္စရာ၊မေ ၃ / ၂၀၂၃
ပြန်ပေးဆွဲ၊ငွေညှစ်၊ လုယက်မှုများတွင် ပါဝင်ခဲ့သည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် (၁)ဦး အပါအဝင် (၄)ဦးကို မေလ ၂ ရက်နေ့ကကိုးကန့်ဒေသအများပြည်သူရှေ့မှောက်တွင် သေဒဏ်ပေး စီရင်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး ကိုးကန့်တရားစီရင်ရေးအဖွဲ့၏ ဖော်ပြချက်ကို ကိုးကားပြီး The Kokang သတင်းဌာန၏ အတည်ပြုရေးသားဖော်ပြထားသည်။
အဆိုပါသတင်းအ၇ပြစ်ဒဏ်ကျခံ၇သူများသည်အသက် (၂၃) နှစ်အရွယ် Shi Weyong၊အသက် (၂၉)နှစ်အရွယ် Guo Shaowei ၊ အသက် (၁၈)နှစ်အရွယ်Shi Weichang နှင့် အသက် (၂၁) နှစ်အရွယ် Guo Shauokuon တို့ ဖြစ်ကြောင်း သိရှိ၇သည်။
၎င်းတို့ထဲမှ(၁)ဦးသည် စစ်ကောင်စီ၏ မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင် ဖြစ်ကြောင်းနှင့်၎င်းတို့သည် ပြန်ပေးဆွဲ၊ဓါးပြတိုက်၊ လုယက်သတ်ဖြတ်မှုများ အပါအဝင် အမှုပေါင်း (၂၅)မှုအား ကျူးလွန်ခဲ့သည်ကို ဖော်ထုတ်တွေ့ရှိ၇ကြောင်း ကိုးကန့် သတင်းကဆိုသည်။
၎င်းတို့ထံက ငွေကျပ် ၇ ဒသမ ၄၅၁ ဘီလီယံနှင့် မော်တော်ယာဉ်များလည်း သိမ်းဆည်း၇မိခဲ့သည့်ကြောင်း သိရှိ၇သည်။
၎င်းတို့ကလည်း ပြစ်မှုကျူးလွန်ခဲ့ကြောင်းကိုကိုယ်တိုင်ဝန်ခံခဲ့သည့်အတွက်အများပြည်သူ ရှေ့မှောက်တွင် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင်ဆက်လက် ဖော်ပြထာသည်။
၎င်းတို့နှင့်အတူ ဆက်စပ်ပြီး တစ်ခြာပြစ်မှုကျူးလွန်သူများလည်း လွတ်မြောက်လျက်ရှိနေသည်ဟု သိ၇သည်။
ပြစ်ဒဏ်ချမှတ်ခံရသူများသည်လားရှိုးမြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအထိ ဖော်ထုတ်ရရှိသည့် အမှုများနှင့်လည်း သက်ဆိုင်မှုရှိသူများ ဖြစ်ကြောင်း သိရှိ၇သည်။
(NN – 25) Ref ; The Kokang ဓာတ်ပုံ- သေဒဏ်ပေးခံ၇သူများ (The Kokang)