Preview

နေပြည်တော်တွင် လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရ၍ ရဲသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရ

မေ ၀၄/ ၂၀၂၃ | ကြည့်ရှုသူ :1091
ပြည်တွင်း သတင်း

နိရဉ္စရာ၊မေ ၄ /၂၀၂၃

 

လုံခြုံရေး တင်းကြပ်ထားသည့် နေပြည်တော်တွင်ယမန်နေ့ ညနေက က်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံ၇၍ ရဲတပ်သားတစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိ၇သည်။

 

တိုက်ခိုက်မှုသည် မေလ ၃ ရက်နေ့ ည ရ နာရီ အချိန်ခန့်ကဖြစ်ကြောင်း ဗုံးပစ်ခံ၇သည့် နေရာမှာ  ဥတ္တရသီရိဆေးရုံနားရှိ မီးပွိုင့်ကင်းတဲဖြစ်ကြောင်း၊  မီးပွိုင့်သည်ရာဇသင်္ဂဟလမ်းမကြီးနှင့် သီရိမဏ္ဍိုင်လမ်းဆုံတွင်ရှိကြောင်း မည်မဖော်လိုသူ စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

 

အဆိုပါ မီးပွိုင့်ကင်းတဲတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နေရာယူထားပြီးဗုံးပစ်ခံ၇မှုကြောင့်  တာဝန်ကျ ရဲတပ်သားတစ်ဦး ဘယ်ဘက်နံကြားနှင့် လက်မောင်းတို့တွင် ဗုံးစများထိမှန်မှုများရှိခဲ့သည်ဟု ဆိုသည်။

 

"လုံခြုံရေးအ၇ တာဝန်ထမ်းဆောင်နေတဲ့လုံခြုံရေးကင်းတဲပေါ့ဗျာ။ ဆိုင်ကယ်နဲ့ လာပစ်တာ။ သီရိမဏ္ဍိုင်လမ်းအတိုင်းဥတ္တရသီရိရပ်ကွက်ဘက်က နေမီးပွိုင့်ဘက်ကို မောင်းလာပြီး ပစ်သွားတာကြတာဗျ"ဟု ၎င်းကဆက်လက်ရှင်းပြသည်။

 

နေပြည်တော်တွင်လမ်းဆုံ လမ်းခွ နေရာများ သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်ထားပြီး လုံခြုံရေးတင်းကျပ်ထားချိန်တွင် ယခုတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

ယခုတိုက်ခိုက်ခံ၇သည့် ကင်းတဲသည်  ယာဉ်ထိန်းရဲများ လုံခြုံရေးယူထားသည့် နေရာဖြစ်ကြောင်းသိရှိ၇သည်။

 

ထိုအပြင် နေပြည်တော်တွင်  CCTV များကိုလည်း လမ်းဆုံ လမ်းခွ များနှင့်လူသွား လူလာ များပြားသည့်နေရာများတွင်အတိုင်းထက်လွန် တက်ဆင်ထားမှုများရှိသည့်ကြားက တိုက်ခိုက်မှုပြုလုပ်သွားခြင်း ဖြစ်သည်။(NN -25)

 

ဓာတ်ပုံ- နေပြည်တော်မြို့ဝင် ဆိုင်းဘုတ်

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.