မန္တလေးကပုဂ္ဂလိက ဆေးရုံ (၃)ရုံကို CDM များကိုအလုပ်ခန့်အပ်သည့်အကြောင်းပြချက်ဖြင့်စစ်ကောင်စီက လိုင်စင်ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိ၇သည်။
၎င်းဆေးရုံ ၃ ရုံမှာ ကံ့ကော်ဆေးရုံ၊ မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံတို့ဖြစ်သည်။
၎င်းဆေးရုံ ၃ ရုံသည် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ ပုဒ်မ၁၉(က)ပါ လိုင်စင် စည်းကမ်းကို လိုက်နာမှုမရှိသည့်အတွက်လိုင်စင် ပိတ်သိမ်း၇ခြင်းဖြစ်ကြောင်း စစ်ကောင်စီကပြောသည်။
စစ်ကောင်စီကနေလွန်ခဲ့သည့် ၄ လခန့်ကတည်းက CDM များ ခန့်အပ်သည့် အကြောင်းပြချက်ဖြင့်မန္တလေးက ပုဂ္ဂလိက ဆေးရုံ ၅ ရုံကို ယာယီပိတ်သိမ်းခိုင်းထားခဲ့ခြင်းဖြစ်ပြီး၎င်း ထဲက ဆေးရုံ (၃)ရုံကို မေလ (၁၅) ရက်နေ့ တွင် အပြီးတိုင်လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
၎င်းပိတ်သိမ်းခံရသည့် ဆေးရုံ (၃) ခုပေါင်းတွင် ဝန်ထမ်းပေါင်း ၁၀၀၀ နီးပါးခန့်ရှိနိုင်ပြီး အားလုံးအလုပ်လက်မဲ့ဖြစ်သွားခဲ့၇သည်ဟုကျန်းမာ ရေးအသိုင်းအဝိုင်းက တစ်ဆင့်သိရှိ၇သည်။
“ဆေးရုံပိတ်သိမ်းခံ၇တော့ဝန်ထမ်းတွေတော့ အခက်အခဲဖြစ်ကုန်တာပေါ့။ ဆေးရုံဆိုတော့အောက်ခြေ သန့်ရှင်းရေး ဝန်ထမ်း လုံခြုံရေးဝန်ထမ်းတွေက အစ အကုန်အခက်တွေ့ကုန်တော့ပေါ့”ဟု ပိတ်သိမ်းခံရသည့် ဆေးရုံတစ်ခုက ဝန်ထမ်းတစ်ဦးက ပြောသည်။
အဆိုပါဆေးရုံများ ပိတ်သိမ်းမှုကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အဟိုအဖွဲ့ (၁/ ၂၀၂၃)အစည်းအဝေးဆုံးဖြတ်ချက်အရဟု ဇန်နဝါရီ ၁ နေ့ကတည်းက လုပ်ငန်းလိုင်စင်ပယ်ဖျက်ခံထားရခြင်း ဖြစ်ကြောင်း တွေ့ရှိ၇သည်။
စစ်ကောင်စီကနေမန္တလေးမြို့ထဲက နံမည်ကြီး ပုဂ္ဂလိက ဆေးရုံများတွင် CDM ခန့်အပ်ထားမှုရှိမရှိစစ်ဆေး မှုများအား ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကပြုလုပ်ခဲ့ပြီးဆေးရုံ (၅)ရုံကို ယာယီပိတ်သိမ်းခိုင်းခဲ့ကြောင်းသိရှိ၇သည်။
ထိုအချိန်ကယာယီပိတ်သိမ်းခံရသည့် ဆေးရုံများတွင် လက်ရှိလိုင်စင်ပိတ်သိမ်းခိုင်းရသည့် ဆေးရုံး(၃) ရုံအပါဝင် ထက်နေလင်း ဆေးရုံနှင့် စိန်ပန်းဆေးရုံတို့လည်းပါဝင်ခဲ့ကြောင်း သိရှိ၇သည်။ (NN – 25) ဓာတ်ပုံ -ပိတ်သိမ်းခံရသည့် မြို့တော် ဆေးရုံ (FB)