တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် ထိုင်းအစိုးရက လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးအပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 721

 

အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲကို မေလ(၂၂)ရက်နေ့က ထိုင်းအစိုးရအဖွဲရုံးတွင် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တို့ တက်ရောက်ခဲ့ကြသည်။

 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က မြန်မာပြည်သူတို့ကို ကိုယ်ချင်းစာနာကြောင်း နှင့် အမြန်ဆုံး ပြန်လည် ထူထောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

မိမိတို့အနေနှင့် အာဆီယံ သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်းစာနာမှု အထောက်အကူ ပေးရေးစင်တာသို့ ထိုင်းအစိုးရကိုယ်စားလှယ်များ စေလွှတ်ထားပြီး ဖြစ်သည်ဟုလည်း ပရာယွတ်က ဆိုသည်။

 

မြန်မာသံအမတ်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ရာ ယခုမုန်တိုင်းမှာ ၂၀၀၈ က တိုက်သွားသော နာဂစ်မုန်တိုင်း ကြီးမားသော်လည်း ယခင်အတွေ့အကြုံများကြောင့် ထိခိုက်သေဆုံးမှု ယခင်လောက် မများပြားခဲ့ကြောင်းနှင့် မြို့နယ်(၁၈)မြို့နယ်တွက် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပြီဖြစ်ကြောင်း ပြောသည်။

 

ထိုင်းအစိုးရက မည်သည့်အကူအညီ အထောက်အပံ့ပေးအပ်ခဲ့သည်ကိုမူ အသေးစိတ် ထုတ်ပြန်ခြင်း မပြုခဲ့ပေ။

 

NN-27

 

ref:BK post


ဆက်စပ် သတင်းများ