စစ်ကောင်စီက မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးသွားသည့် အဆိုတော်ဗျူဟာ သေဆုံးပြီဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေကြေ
ဗျူဟာသည် မေလ ၂၃ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှ
မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဗျူဟာ နေထိုင်ရာ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ၄၈ ရပ်ကွက်က ဗထူးအိမ်ရာ ၂ တွင် စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်
Thae Ei Mon ဆိုသည့် အကောင့်တစ်ခုတွင် အဆိုတော် ဗျူဟာ မနက် ၄ နာရီလောက်က ဆုံးသွားပါပြီ Confirm ပါ။ မိသားစုနဲ့ တပ်တူဝမ်းနည်း၇ပါတယ် ဟု ရေးသားထားကြောင်း တွေ့ရှိ၇သည်။
ဗထူးအိမ်ရာအတွင်းနေထိုင်သူ တစ်ဦးက “လိုင်းပေါ်မှာတော့ တင်ထားတာတွေ့တယ်။ တိုက်မှာတော့ ဒီလိုဖြစ်စဉ်မျိုး ကျနော် မကြားမိဘူးဗျ။ ကျနော်က မနက်(၇)နာရီလောက် အလုပ်ကို ထွက်လာခဲ့တာဆိုတော့ နောက်ပိုင်းတော့ ဘာဖြစ်နေမှန်း မသိဘူးဗျ”ဟု ပြောသည်။
၎င်း ၏ မိသားစုဝင်များကို နိရဉ္စရာက အတည်ပြုနိုင်ရန် ဆက်သွယ်ရာ ဆက်သွယ်ရေးမရရှိသေးပေ။
အဆိုတော် ဗျူဟာသည် တေးရေး နိုင်မြန်မာ ၏ သားဖြစ်ပြီး သေဆုံးမှုနှင့် ပတ်သက်ပြီး ပရိတ်သတ်များက ဝမ်းနည်းကြောင်း ရေးသားမှုများလည်း တွေ့ရှိနေ၇သည်။ (NN – 25)
ဓာတ်ပုံ - စစ်ကောင်စီ ဖမ်းဆီးခြင်းခံထား၇သည့် ဗျူဟာ