Preview

စစ်ကောင်စီ ရဲကင်း ၂ခုကို ABSDF ဝင်ရောက်တိုက်ခိုက်၊ တပ်ကြပ်ကြီးတစ်ဦးအပါဝင် ရဲ ရ ဦး သေဆုံးခဲ့ဟုဆို

မေ ၂၆/ ၂၀၂၃ | ကြည့်ရှုသူ :967
ပြည်တွင်း သတင်း

စစ်ကောင်စီ၏ မကွေးတိုင်းဂန့်ဂေါမြို့နယ်တောင်ခင်ရန်းရဲစခန်းနှင့် ရှမ်း (မြောက်)မိုးမိတ်မြို့နယ်ရှိကျောက်မောရွာ ရဲကင်းစခန်းများကို ABSDF အဖွဲ့ကဝင်ရောက်စီးနင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးအဆိုပါတိုက်ပွဲများအတွင်းရဲသား ၇ ဦး သေဆုံးသွားကြောင်းသတင်းရရှိသည်။


ကျောက်မောရွာက ရဲကင်းစခန်းကိုမေလ ၂၄ ရက်နေ့က ပစ်ခတ်တိုက်ခိုက် စီးနင်းသိမ်းပိုက်နိုင်ခဲ့ပြီးတောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက်နေ့ ညပိုင်းကလက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ABSDF အဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောဆိုသည်။

 

ကျောက်မောစခန်းကို ၂၄မနက် ၆ နာရီ ၁၅ မိနစ်လောက်ကဝင်စီးတာ၊ နာရီဝက်လောက်ကြာတော့ သိမ်းပိုက်နိုင် ခဲ့တယ်။စစ်ကောင်စီရဲ့ ရဲတချို့သေတယ်။ စခန်းမှာရှိတဲ့ အမျိုးသမီး ၃ ဦးနဲ့ ကလေး၂ ဦးကို ပြန်လွှတ်ပေးခဲ့ တယ်ဟု

 

ကျောက်မောရွာ တိုက်ခိုက်သိမ်းပိုက်မှုတွင်ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ပြီး BA – 63 (G – 3) ၄ လက်၊ BA – 64 (G – 4) ၁ လက်၊ BA –93 Uzi ၁ လက်၊ ကျည်ကတ် ၉ကတ်၊ ကျည် ၆၅၀တောင်နှင့် လက်ပစ်ဗုံး ၃ အပါ အဝင် ရဲအသုံးဆောင်ပစ္စည်းများ သိမ်းဆည်း၇မိခဲ့သည်ဟု ပြောဆိုသည်။

 

တောင်ခင်ရန်း ရဲစခန်းကိုABSDF  Column – 3 ၊အမှတ် (၁၂) တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ၊ ဒေသခံ PDF များနှင့် ပကဖများနှင့် ပူးပေါင်းကာ သွားရောက် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိ၇သည်။

 

အဲ့ဖြစ်စဉ်မှာတော့သေတာတွေ၊ ထိခိုက်ဒဏ်ရတာတွေကိုတော့ အဖွဲ့ကိုယ်တိုင်မမြင်တွေ့ခဲ့ရဘူးဗျ။ပြောရရင် တွင်းသတင်းပေ ပြောချက်အရသိ၇တာဟုABSDF  Column – 3 ရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

 

၎င်း ဖြစ်စဉ်၌တောင်ခင်ရန်း ရဲစခန်းက စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ပြီး အရာရှိ (၁)ဦးခြေထောက် ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့၍ ခြေတောက်ဖြတ်တောက်ခဲ့ရကြောင်း သိရှိ၇သည်။

 

ကျောက်မောဂိတ်တွင် စစ်ကောင်စီ၏လက်အောက်ခံအဖွဲ့များက ဖြတ်သန်းသွားလာသည့် ယာဉ်များနှင့် အနီးပတ်ဝန်းကလုပ်ငန်းရှင်များအား အတင်းအဓမ္မ ငွေကြေးတောင်းခြင်း၊ ၎င်းတို့၏ ရိက္ခာအတွက် အတင်းတောင်း ယူခြင်းများအား ပြည်သူများတိုင်ကြားမှုကြောင့် သွားရောက်ရှင်းလင်းဆောင်ရွက်၇ခြင်းဖြစ်ကြောင်း Northern ABSDF က ထုတ်ပြန်ပြောဆိုထားသည်။ (NN –25)

 

ဓာတ်ပုံ- မိုးမိတ်၊ ကျောက်မော ရဲကင်းစခန်း တိုက်ခိုက်နေခဲ့မှု (ABSDF)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.