Preview

MPA သတင်းထောက် မမှူး၇တနာခက်မို့မို့ထွန်း ထောင်ဒဏ် (၁၀)နှစ် ထပ်မံချမှတ်ခံရ

မေ ၂၇/ ၂၀၂၃ | ကြည့်ရှုသူ :657
ပြည်တွင်း သတင်း
MPA သတင်းထောက်မမှူး၇တနာခက်မို့မို့ထွန်းကို မေလ ၂၆ ရက်နေ့က ထောင်ဒဏ် (၁၀)နှစ် ထပ်မံချမှတ်ခံ ခဲ့ရကြောင်းမိသားစုအသိုင်းအဝိုင်းထံက သိရှိ၇သည်။


မနေ့ ၅၀(ည)နဲ့ ထောင် ၁၀ နှစ်ထပ်ချတယ်ပေါ့။ သူတို့ကာလမှာ သူတို့ တပ်တဲ့ ပုဒ်မတွေကဘယ်ဟာမှ ဘောင်မဝင်ဘူး။ တပ်ချင်သလိုတပ် စွဲချင်သလိုစွဲ ချချင်သလိုချနေတာပါဗျာ”ဟု၎င်း ၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

မမှူး၇တနာခက်မို့မို့ထွန်းသည် ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းတွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတွင် သတင်း၇ယူနေစဉ် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကဆန္ဒထုတ်ဖော်မှုကို ကားဖြင့်တိုက်၊ သေနတ်ပစ်ဖမ်းဆီးမှုတွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုအတွင်း ၎င်းအပါဝင် (၅)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးအထိဖမ်းဆီးခြင်းခံခဲ့ ရကြောင်း သိရှိ၇သည်။
ထိုအချိန်က စ၍မမှူး၇တနာခက်မို့မို့ထွန်းကို စစ်ကောင်စီက ၅၀၅ - က ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၂၂ခုနှစ် ဒီဇင်ဘာလပိုင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ထားခဲ့ကြောင်းသိရှိ၇သည်။

ထပ်မံပြီး ၎င်း၏ Kpayအကောင့်မှငွေဝင်ငွေထွက်အပေါ် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်များအား ထောက်ပံ့ကူညီမှုများပြုလုပ်သည့်ဆိုသည့် စွပ်စွဲချက်ဖြင့် ၅၀ (ည)ဖြင့် ပူးတွဲတရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။

တရားလိုဘက်က သက်သေအထောက်အထားခိုင်လုံအောင် မပြနိုင်လို့ ငြင်းဆိုနေတဲ့ ကြားက သူတို့ မိန့် သူတို့အာဏာနဲ့မရ၇အောင်ချမှတ်လိုက်တယ်ပဲမြင်ပါတယ်။ ကာယကံရှင်ကိုယ်တိုင်က အယူခံ ဆက်မတက်တော့ဘူးလို့ ပြောပါတယ်။ ဟုတ်လဲ ဟုတ်ပါတယ် သက်သေမခိုင်လုံတာတောင်ချမှတ်တာဆိုတော့လဲ”ဟု ၎င်း အမှုအား လိုက်ပါ ကူညီပေးနေသူ တစ်ဦးက ပြောသည်။

မမှူး၇တနာခက်မို့မို့ထွန်းသည် စစ်ကောင်စီ၏ကားဖြင့်တိုက်ခံရမှုကြောင့် ခြေသလုံးရိုး အစားထိုးခွဲစိတ်ကုသခံထား၇ပြီး ချိုင်းထောက်နှင့် ဝှီးချဲအသုံးပြုနေရကြောင်းသိရှိ၇သည်။ (NN-25)

ဓာတ်ပုံ -မမှူး၇တနာခက်မို့မို့ထွန်း (လူမှုကွန်ယက်)

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.