Preview

မြ၀တီမြို့က စစ်ကောင်စီ တပ်စခန်း (၃) ခုကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်ရင်းမှူးအပါဝင် (၉)ဦး သေဆုံးခဲ့ ဟုဆို

မေ ၂၉/ ၂၀၂၃ | ကြည့်ရှုသူ :1129
ပြည်တွင်း သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်တောင်ပိုင်းက စစ်ကောင်စီ တပ်စခန်း (၃)ခုကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီးတပ်ရင်းမှူး အပါဝင် (၉)ဦး သေဆုံးခဲ့ကြောင်း Federal Wings Drone အဖွဲ့ က မေလ ၂၉ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန် ပြောဆိုသည်။


စစ်ကောင်စီ၏ ဝေါ်လေဗျူဟာကုန်း၊မော်ခီးစခန်းနှင့် ကနဲလေးစခန်းတို့ကို KNU/ KNLA တပ်ရင်း ၂၀၁၊ KNDO တပ်ရင်း (၈)တို့ဖြင့်ပူးပေါင်းပြီး မေလ ၂၃ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိ၇သည်။

 

၎င်း စခန်းများကိုဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ကနဲလေးစခန်းက တပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင် (၉)ဦး သေဆုံးခဲ့ ကြောင်း Federal Wings Drone ကပြောသည်။

 

ကျန်စခန်း (၂)ခုကို တိုက်ခိုက်မှုခဲ့တွင် ထိခိုက်မှုများနှင့် သေဆုံးမှု စာရင်းအားပြောဆိုထုတ်ပြန်ထားကြောင်း မတွေ့၇ပေ။

 

အဆိုပါ စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက မော်ခီးစခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာအား လေကြောင်း အသုံးပြု ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းဒေသခံများ ပြောပြချက်အရ သိရှိ၇သည်။

 

စစ်ကောင်စီ၏ဗုံးကျဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းထိမှန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ ကြောင်း သိရှိ၇သည်။ (NN – 25)

 

ဓာတ်ပုံ- ဗုံးပစ်ရန် ပြင်ဆင်နေမှု (Federal Wings Drone)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.