Preview

တောင်ငူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်က ဒုဗိုလ်မှူးကြီး ပစ်သတ်ခံရဟုဆို

ဇွန် ၀၁/ ၂၀၂၃ | ကြည့်ရှုသူ :1101
ပြည်တွင်း သတင်း

ပဲခူးတိုင်း၊တောင်ငူမြို့ အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး တပ် ၁၀၁၅ မှဒုတိယဗိုလ်မှူးကြီးရဲနိုင်ဆိုသူသည်မေလ ၃၁ ရက်နေ့ ညနေ ၅နာရီခွဲအချိန်ခန့်ကအသတ်ခံခဲ့ရကြောင်းသတင်းရရှိသည်။


အဆိုပါ ဒုဗိုလ်မှူးကြီးသည်အရပ်ဝတ်ဖြင့် ဆိုင်ကယ်မောင်းနှင်လာစဉ် အမြန်လမ်း ၁၅၄ မိုင် ၈ ဖာလုံ နားအရောက်တွင် ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဆိုင်ကယ်နှင့် ဖုန်းအားသိမ်းဆည်းခဲ့ကြောင်း Bago Region PDF က ထုတ်ပြန် ပြောဆိုထားသည်။

 

ရေတာရှည် တပ်အမှတ် ၃၅၀၁ တပ်ခွဲ ၆ က ရဲဘော်တွေက သွားရောက် ပစ်ခတ်ခဲ့၇တာပါ။ ဖုန်းနဲ့ ဆိုင်ကယ်ကိုသိမ်းဆည်းလာခဲ့တယ်ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုသည်။

 

အမြန်လမ်း၏ မိုင်တိုင်၁၅၄ နှင့် ၁၅၈ တို့တွင် စစ်တပ်စစ်ရေးဂိတ်များတည်ရှိပြီး ၎င်းမိုင်တိုင်ကြားတွင်လေကြောင်းရန်ကာကွယ်ရေးတပ်ရှိကြောင်းကိုလည်း ပကဖ အဖွဲ့ က ပြောသည်။

 

ရန်ကုန်- မန္တလေးအမြန်လမ်းမကြီးတစ်လျှောက်တွင် ရဲကင်းများ၊ စစ်ကောင်စီတပ်စခန်းများအများအပြားကြားမှ ယခုကဲ့သို့ စစ်ကောင်စီလက်အောက်ခံ ဒုဗိုလ်ကြီးအဆင့်ရှိသူများအားဒုတိယအကြိမ်မြောက် ရှင်းလင်း ခြင်းဖြစ်ကြောင်း Bago RegionPDF က ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံဒုဗိုလ်မှူးကြီးသန်းထွဋ် ဆိုသူကိုလည်း အမြန်လမ်း မိုင်တိုင် ၁၆၁ အနီးတွင် ပစ်ခတ်ခံခဲ့ရပြီးသေဆုံးမှု ဖြစ်ပေးခဲ့ကြောင်း သိရှိ၇သည်။

 

ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး တောင်ငူလေတပ်စခန်းဌာနချုပ်ကို၂၀၂၂ ခုနှစ် မတ်လ ပိုင်း အတွင်းက ရှော့တိုက်ဒုန်း (၄)လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစတပ်သား(၃)ဦးသေဆုံးကာ၇ဟတ်ယာဉ် (၁)စီး ထိခိုက်ပျက်စီးမှု ဖြစ်ပေးခဲ့ကြောင်း သိရှိ၇သည်။ (NN– 25)

 

ဓာတ်ပုံ- ဒုဗိုလ်မှူးကြီး ရဲနိုင် ထံမှ သိမ်းဆည်းလာသည့် ဆိုင်ကယ်နှင့် ဖုန်း (BagoRegion PDF)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.