Preview

ဆယ်တန်းစာမေးပွဲအောင်စာရင်း ဇွန်လ ၉ရက်နေ့ထုတ်ပြန်မည်

ဇွန် ၀၆/ ၂၀၂၃ | ကြည့်ရှုသူ :1660
ပြည်တွင်း သတင်း

၂၀၂၂/၂၀၂၃ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)စာမေးပွဲအောင်စာရင်းကို လာမည့် ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်မည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။


၎င်းစာမေးပွဲအောင်စာရင်းကို ဇွန်လ ၉ ရက်နေ့ နံနက် ၄နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအင်တာနက်စာမျက်နှာတွင် ဝင်ရောက်ကြည့် ရှုနိုင်ပြီး နံနက်၆ နာရီတွင်သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်း ထုတ်ပြန်သွားမည်ဟု အဆို ပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


စာစစ်ဌာနများနှင့် ဝေးလံသည့်ဒေသများရှိစာစစ်ဌာနများနှင့် အင်တာနက် အခက်အခဲရှိသည့် စာစစ်ဌာန အောင်စာရင်းများကိုလည်းမြန်မာ့အသံရေဒီယိုမှ ကြေငြာပေးမည်ဖြစ်သည်။

 

စာစစ်ဌာနကျောင်းများတွင် အောင်စာရင်းလာရောက်ကြည့်ရှုသူများအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာကြရန်လည်းအဆိုပါ ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

 

အောင်စာရင်းနှင့် ပတ်သက်ပြီးမရှင်းလင်းသည်များရှိလာပါက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ဖုန်းနံပတ်- ၀၁- ၆၅၃၅၀၉) နှင့်(၀၁- ၆၅၃၄၆ရ) တို့ထံကို စာမေးပွဲအောင်စာရင်းထုတ်ပြန်သည့် ဇွန်လ ၉ ရက်နေ့တွင် ဆက်သွယ်မေးမြန်းနိုင်သည်ဟုဆိုသည်။

 
စနစ်ဟောင်း တက္ကသိုလ်ဝင်တန်းနောက်ဆုံးအကြိမ်စာမေးပွဲကိုလည်း မတ်လ ၈ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပရာတွင် ၇ခိုင်ပြည်မှကျောင်းသား ကျောင်းသူ ၁၉၁၆၅ ဦးမှာလည်း ဝင်ရောက်ဖြေဆိုထားကြောင်း ပြည်နယ်ပညာရေးဌာနမှ အချက်အလက်များအရ သိရှိ၇သည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.