တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ကယားပြည်နယ် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံထဲ စစ်ဘေးဒုက္ခသည် ၃ထောင်ကျော် ထွက်ပြေးလာရကြောင်း ထိုင်းသတင်းဌာနတွင်ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 604

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့မြို့နယ် မြန်မာ-ထိုင်းနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများ ကို ကရင်နီလက်နက်ကိုင် တပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒေသခံ ၃ထောင်ကျော်တို့သည် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း ထိုင်းသတင်းဌာန AEC ASEAN News တွင် ဖော်ပြထားသည်။

 

ဇွန်လ ၁၃ရက် မနေ့က ကရင်နီပြည်နယ် သံလွင်မြစ်အရှေ့ဖက်ကမ်းရှိ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၃ခုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကရင်နီတပ်မတော် (KA)နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါဒေသတွင်နေထိုင်သည့် ဒေသခံများ ထိုင်းနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံဖက်မှ စစ်ဘေးဒုက္ခသည်များကို ယာယီခိုလှုံခွင့်ပေးထားပြီး ကရင်နီဖက်မှ ကယ်ဆယ်ရေး အဖွဲ့ များနှင့် ပူးပေါင်းလုပ်ဆောင်ပေးနေကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ခံ ခူးညေးရယ် က နိရဉ္စရာ ကို အတည်ပြုပြောသည်။

 

‘’မယ်ဟောင်ဆောင်ခရိုင် မယ်စရီယန်မြို့နယ်ထဲက ရွာတွေဆီ တစ်ရွာကို တစ်ရာကျော် နှစ်ရာလောက်စီ ရောက်တယ် အားလုံးပေါင်းဆိုရင် တစ်ထောင်ကျော်လောက်အထိ ရောက်ကြတယ်ပေါ့ ထိုင်းသတင်း က ၃ထောင်ကျော်ဆိုပြီးပြောတယ် လောလောဆယ် အစားအစာ၊ ရေနဲ့ နေဖို့ပေးထားတယ် ထိုင်းအာ ဏာပိုင်တွေဖက်ကတော့ပြောတာကတော့  ကရင်နီဖက်က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြရ မယ်လို့ ပြောတယ်တိုက်ပွဲတွေငြိမ်သွားရင် ပြန်ကြဖို့ပြောတယ်။’’

 

စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခံလိုက်ရသည့်အတွက် ဇွန်လ ၁၃ရက် မနက် ၁၀နာရီကျော်လောက် က ဂျက်ဖိုက်တာ ၄စီး လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ နေ့လယ်ပိုင်းကလည်း ရဟတ်ယာဉ်များနှင့် ပစ်ခတ် ခဲ့သလို ညဖက်မှာလည်း ဂျက်ဖိုက်တာ ၄စီးဖြင့်  ထပ်မံပစ်ခတ်ခဲ့ကြောင်း ခူးညေးရယ်က ပြောသည်။

လေကြောင်းမှ တိုက်ခိုက်ခံရမှုများကြောင့် ဒေသခံများသည် ထိုင်းနိုင်ငံဖက်ဆီ ထွက်ပြေးနေရခြင်း ဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေအရ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်အထိ ရှိနိုင်ကြောင်း ဒေသခံ များက ပြောသော်လည်း ထိုင်းအာဏာပိုင်များက သုံးထောင်ကျော်ဟု ပြောထားသဖြင့် တစ်သောင်းကျော် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ ရက်ကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်၌ စစ်ကောင်စီတပ် နှင့် (KNLA) တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ဘက်သို့ ဒေသခံ ၁သောင်းကျော် ထွက်ပြေးခိုလှုံခဲ့ရသည်။ NN - 24

Photo  ;  AEC ASEAN News

 

ဆက်စပ် သတင်းများ