စစ်ကောင်စီ ဒုတိယခေါင်းဆောင် စိုးဝင်း၏တပည့်လူယုံတစ်ယောက်ဖြစ်သည့် လေတပ်ဗိုလ်မှူးဟောင်း ရဲခိုင်ကို ဇွန်လ၁၉ ရက်နေ့ ရ နာရီအချိန်က Urban Owls က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
ရဲခိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၂ကျောင်းဆင်း လေတပ်အရာရှိ အဖြစ်တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်းသိရှိ၇သည်။
“မနေ့ညကရှင်းလိုက်တာအပြီးပေါ့။ စကစ ဒေါက်တိုင်ကြီးကြီးပဲလေ။ဒီကောင်က ပြည်ပ ထွက်ခွာတဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေလုပ်ခဲ့တဲ့ကောင်လေ။ စစ်ကောင်စီ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ တပည့်လူယုံလေ”ဟု UrbanOwls အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင် ဇွန်လ ဆန်းပိုင်းမှစတင်၍ လုံခြုံရေးတိုးမြှင့်ထားကြောင်းတွေ့ရှိရပြီး ရဲခိုင် ပစ်ခတ်ရှင်း လင်းခံရမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအဖွဲ့များ ဂရုစိုက်သွားလာကြရန်၊ မိဘပြည်သူများပူးပေါင်းပါဝင်ကြမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နောက်နောင်များတွင်လည်းစစ်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ပိုမိုရှင်းလင်းသွားမည်ဟုတော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောဆိုကြသည်။
Urban Owls အဖွဲ့၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်တပ်မှအာဏာသိမ်းပြီးနောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုပူးပေါင်းအဖွဲ့ဖြင့် ပိတ်ဆို့စစ်ဆေးခြင်း၊ တော်လှန်ရေးနှင့် CDMလှုပ်ရှားမှုတွင်ပါဝင်သူများအား ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းနှင့်ဖမ်းဆီးခြင်း၊ ပြည်ပသို့ ပညာသင်ရန် (သို့) အလုပ်လုပ်ရန်ထွက်ခွာမည့်သူများအား ငွေညှစ်အနိုင်ကျင့်ခြင်းတို့အား ရဲခိုင်မှ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ကြောင်း ပါရှိသည်။
ထိုပြင် ပြည်သူဘက်ရပ်တည်သော အနုပညာရှင်များအားဖမ်းဆီးခြင်း၊ မြန်မာပြည်၏ ထင်ရှားကျော်ကြားသူများကိုပြည်ပထွက်ခွင့် ပိတ်ပင်ခြင်း၊ သာမန် ခရီးသွားပြည်သူများအား ငွေညှစ်ဓားပြတိုက် ခြိမ်းခြောက်ခြင်း၊ စစ်ဆေးစရာရှိသည်ဟုဆိုကာခေါ်ဆောင်သွားပြီး စစ်ကြောရေးပို့ဆောင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ရာတွင်ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင်သူဖြစ်သည်ဟုလည်း Urban Owlsက ပြောဆိုထားသည်။
Urban Owls က မတ်လအတွင်းပိုင်းကလည်းသန်လျင်မြို့နယ်အတွင်းက မူပိုင် ခွင့် ဆိုင်ရာ ဥပဒေကျွမ်းကျင်သူဦးမင်းတေဇညွန့်တင်ကိုလည်း ပစ်ခတ်ရှင်းလင်းခဲ့သည်ဟုလည်းသိရှိ၇သည်။
(NN – 25)
ဓာတ်ပုံ - ပစ်သတ်ခံရသည့် လေတပ်ဗိုလ်မှူးဟောင်းရဲခိုင် (လူမှုကွန်ယက်)