တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး လှေပေါ်က ပြုတ်ကျပြီး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 703

ထိုင်းနိုင်ငံတည်ဆောက်ရေးလုပ်ငန်းခွင် တစ်ခုအလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးဇူလိုင်လရက်နေ့ကလုပ်ငန်းခွင်သို့ သွားသည့် လှေပေါ်မှ  ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်းထိုင်းသတင်းဌာနတစ်ခုဖြစ်သည့်ခေါင်စွတ်သတင်းဌာနတွင်ဖော်ပြထားသည်။

 သေဆုံးသူမှာ အသက် ၄၀ ခန့်အရွယ်ရှိ ထိုင်းအမည် မိုင်းအေး ဆိုသူမြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ဦးဖြစ်သည်။

 

၎င်းသည်  ဖရာ့နခွန်စီအယုဒ္ဓယမြို့ရှိ ပါစောက်မြစ်ရေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်နေသူဖြစ်ပြီး  ူလိုင်လ ရက် နံနက်ပိုင်းက လှေပေါ်ကနေ  မြစ်ထဲသို့ပြုတ်ကျသွားခဲ့ကာ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါသတင်းဌာနက ဖော်ပြထားသည်။

 

ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာပြီး ရေငုပ်ရှာဖွေခဲ့ရာ သေဆုံးသူရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာရ ထားသည်များကိုတော့ မတွေ့ရကြောင်း ဖော်ပြထားသည်။

 

သေဆုံးခဲ့သူ မိုင်းအေးဆိုသူသည် မကြာသေးခင်ရက်ပိုင်းကမှ ယင်းလုပ်ငန်းခွင်သို့ အလုပ်လုပ်ရန် ပြောင်းရွှေ့ရောက်လာခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးမကောင်းသူဖြစ်သည့်အတွက် မကြာခကြာ အလုပ်ပျက်သူ ဖြစ်ကြောင်း၊ အခင်းဖြစ်သည့်နံနက်ပိုင်းက မြစ်တဖက်ကမ်းကူးမည့်လှေပေါ်တက်ခါနီး အသက်ကယ် အင်္ကျီဝတ်ဆင်နေသည့်အခိုက် မတော်တဆရေထဲသို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်းခွင်ရှိ အလုပ်သမားများ၏ ပြောပြချက်အရ သိရသည်။

 

‘’အလုပ်ကြမ်းတွေ အန္တရာယ်များတဲ့အလုပ်တွေဆိုရင် မြန်မာတွေလုပ်တာပဲများတယ် ထိုင်းနိုင်ငံထဲမှာ ခု လိုဖြစ်ရတာ မြန်မာတွေအတွက် သိပ်တော့မဆန်းတော့ပါဘူး သူ့အတွက် နစ်နာမှုတွေ၊ အာမခံကြေး တွေ ရဖို့တော့လိုတာပေါ့’’ ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားအရေ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦး က ပြောသည်။

 

အခင်းဖြစ်စဉ်အတွင်း ရေထဲပြုတ်ကျရသည့်အကြောင်းရင်းကို လုပ်ငန်းခွင်အတွင်းက မျက်မြင်သက်သေများအား စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်ဟု သိရသည်။ NN – 24

Photo: Thai News

ဆက်စပ် သတင်းများ